သွေးကြောမျှင်လေး 25

5.2K 583 38
                                    

Chapter  25

ဝမ်ချင်..
ကျန်းအိမ်တော်ကိုရောက်တော့..
ခြေတစ်လှမ်း ကပ်ပီးနောက်ကျ သွားလေတယ်..

လန်မင်းကြီးအမိန့်နက့် ကိုယ်ရံတော်တစ်ယောက်ရောက်လာပြီး..  ဝေ့ရင်းကို နန်းတော်ကိုခေါ်ဆောင်သွားပြီဆိုတဲ့.. ကျန်းဖုန်းမြင့်ရဲ့ စကားသံကသာ အလောတကြီး လိုက်လာမိတဲ့ဝမ်ချင်ကို ကြိုဆိုနေလေရဲ့..

"လန်မင်းကြီးရဲ့ကိုယ်ရံတော်တဲ့လား.."

"ဟုတ်တယ် ဆရာဝမ်ချင်ရဲ့..."

နတ်နန်းသခင်မှန်းမသိသေးတဲ့ကျန်းဖုန်းမြင့်ကတော့ ၀မ်ချင်ကိုဝေ့ရင်းရဲ့ဆရာအဖြစ်သာသိထားလေသည်။..

လန်မင်းကြီးရဲ့အမိန့်ဆိုတာ ယုံရတာမဟုတ်ဘူး မတော်လို့ ဝေ့ရင်းကို သတ်ပစ်ဖို့သာဆိုရင်.. မဟုတ်သေးဘူး တကယ် လို့ ၀မ်ချင် ခန့်မှန်းမိသလောက် သူ.. သူ.. လုပ်တာသာ ဆိုရင်...

ဝမ်ချင် ခေါင်းထဲ မူးမိုက်သွားတော့မတက် အတွေးတွေ ရှုပ်ယှက်ခပ်ကုန်ပီး... လူပါ အနညးငယ်ယိုင်သွားတာမို့ ကျန်းကတော်က ဘေးက ဖေးမပေးထားလိုက်ရသည်။

"ကျန်းသခင်ကြီး ဝေ့ရင်းဘယ်သွားလဲ  သိလား ဘယ်ဘက်ကို ခေါ်သွားတာလဲကောသိလား.."

"အဲ့ အဲ့တာတော့မမေးလိုက်မိဘူး.."

ကျန်းဖုန်းမြင့်က ခေါင်းတခါခါနက့် ပြန်ဖြေတော့ ကျန်းသခင်မက တခုခုစဉ်းစားမိဟန်ဖြင့်...

"အဲ့ကိုယ်ရံတော်လေး ဝေ့ရင်းကို တခုခုပြောတာကြားလိုက်တယ် မင်းသားငယ်က ပင်လယ်နားမှာစောင့်နေတယ်ဆိုလားပဲ.."

"ဘာ!!!"

ကျန်းကတော်ကို မှီပီး ရပ်နေမိတဲ့ ၀မ်ချင်ကိုယ်လေး ဆက်ကနဲ တောင့်သွားကာ မျက်လုံးအ၀ိုင်းသားနက့် အံသြနေမိလေရဲ့...

"ဟုတ်တယ် တောင်ပင်လယ် ဘက်ကိုဆိုလား.."

ကျန်းကတော်ရဲ့ စကားမဆုံးမှီ ၀မ်ချင် အိမ်တော်အပြင်ကို ခြေလှမ်းကျဲတွေနက့် ထွက်သွားနေပီ ဖြစ်ပြီး နှုတ်ခမ်းမှလဲ...

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Место, где живут истории. Откройте их для себя