သွေးကြောမျှင်လေး 13

7.8K 815 53
                                    

Chapter   13

"ဝေ့ရင်း.. ဒါ ဒါ မင်းရဲ့ဆရာတော့ ဟုတ်ပါတယ်နော်...."

"ဆွေ့ပြန့်ရေ အဲ့ကောင် ပါးစပ်ကိုပိတ်ပါဦးဟ.."

ဝေ့ရင်းရဲ့စကားကြောင့် သစ်ပင်အောင်ဘက်က ဆွေ့ပြန့်က ကျန်းချန်နားသွားလိုက်တော့...

"မလိုဘူး ပိတ်စရာမလိုဘူး... ငါဘာမှမဖြစ်ဘူး.."

ကျန်းချန်လဲအခုမှ မျက်နှာလွဲ အမူအရာကိုပြင်လိုက်ပြီး ဝေ့ရင်းကို ပြန်ပြောရသည်...

"ကလေးတို့.. ဆရာ့ဆီလာကြတာမလား.. တဲထဲဝင်ထိုင်နော်.. "

အနီရောင်အမျိုးသမီးကား...ရှေ့မှဦးဆောင်ဝင်သွားပြီး.. ဝေ့ရင်းနက့် ကျန့်ချန်က နောက်မှ လိုက်ခါ...

ဆွေ့ပြန့်ကတော့ ဆရာ့အတွက်ယူလာတဲ့ မုန့်တွေကို ပြင်ဆင်ဖို့ရန်အတွက် မီးဖိုချောင်ထဲသို့ဝင်သွားလေ၏...

တဲက လူသုံးယောက် ထိုင်လောက်စာနှင့် လူတစ်ဦး အိပ်ရန်မျှသာ ကျယ်ဝန်းသည်မို့... ကျဉ်းကျဉ်းကျပ်ကျပ် ဖြစ်မနေပဲ.. အနည်းငယ်ထိုင်သာသည်..

ကျန်းချန်နက့်ဝေ့ရင်းက ဘေးချင်းကပ်ထိုင်ပြီး ဆရာဆိုသော အမျိုးသမီးကတော့ သူတို့ရှေ့မှာ...

သိပ်မကြာလိုက် ဆွေ့ပြန့်မုန့်အချိုတစ်ချို့နက့်ရောက်လာပြီး စားပွဲပေါ်နေရာချလိုက်ကာ...
ဝေ့ရင်း ဘေးဝင်ထိုင်လိုက်သည်...

"ဆရာ.. ကျွန်တော်အသက် ၁၅နှစ်ပြည့်ရင်း ဆွေ့ပြန့်အကြောင်းသိရမယ်ဆို..."

ရေနွေးတစ်ခွက်ငဲ့ပြီး ဆရာထံ ကမ်းပေးရင်းဝေ့ရင်းမေးလိုက်တော့.. အံ့သြသည့်လေသံမျိုးဖြင့် ကျန်းချန်းက လှည့်မေးသည်..

"ဆွေ့ပြန့် မင်းတို့အိမ်ကမလား ဘာလို့ဆရာ့ကိုမေးတာလဲ..."

ကျန်းချန်ရဲ့စကားကို ဝေ့ရင်းခေါင်းဖြေးဖြေးခါကာ.. ကျန်တဲ့သူတွေအတွက် ရေနွေးငဲ့ပေးရင်း..

"ဆွေ့ပြန့်ကို ဆရာခေါ်လာတာ..... ဆရာ ဆွေ့ပြန့်အကြောင်းပြောပြပါ.. ကျွန်တော်သာ အသက်တွေင်္ကြီးလာပေမယ့် သူကတော့ ၂၂နှစ်အရွယ်အတိုင်းပဲ... ဘယ်တော့မှမပြောင်းလဲလာဘူး..
ကျွန်တော်ငယ်ငယ်လေးထဲက အိမ်တော်ရောက်နေတာမို့ ဆွေ့ပြန့်အသက်တွေပိုကြီးလာရမှာမလား... ဆရာ.. ကတိအတိုင်းပြောပြပါတော့...."

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Donde viven las historias. Descúbrelo ahora