သွေးကြောမျှင်လေး 14.2

7.6K 853 78
                                    

Chapter   14.2

ရှီချန် မျက်ဝန်းတို့ပိတ်ချလိုက်ကာ..
မိမိကိုယ်ပိုင်နှုတ်ခမ်းတို့ကို ထိုကောင်လေးရဲ့နှုတ်ခမ်းဆီသို့ ကျဆင်းစေလိုက်ပြီး..
ပန်းသွေးရောင်ဖူးဖူးလေးကို စုပ်ယူလိုက်သည်...

သူ့အောက်မှ ကောင်လေးကလဲ အနမ်းတို့ကိုပြန်လည်တုန့်ပြန်လာသည်... မူးနေလို့လား.. သူပါ စိတ်ပါနေလို့လားတော့ ရှီချန်တကယ်မသိ...

အချိန်တို့အနည်းငယ်ကျော်လွန်သွားချိန်မှာတော့ ကျန်းချန် အသက်ရှုရခက်လာသည်မို့.. ရှီချန်ကို ခပ်ဖွဖွ ထုရိုက်မိတော့သည်... ထိုအခါမှသာ အနမ်းတို့ကို ရပ်တန့်လိုက်ပီး မျက်နှာချင်းခွာလိုက်ပြီး....

"ရလား.. မောနေလား.."

လဲနေရမှာ ထူပေးပြီး ကျန်းချန် ပခုံးကိုခပ်ဖွဖွလေးကိုင်ကာ ရှီချန်မေးလိုက်တော့...

"ရတယ်.. အဆင်ပြေသွားပြီ..."

အခုထိမူးနေလား မမူးတော့ဘူးလား ... မသဲကွဲတဲ့မျက်နှာနုနုလေးက သေရည် အရှိန်ကြောင့်တော့ နီမြန်းနေဆဲ မို့.. လရောင်ကို အားပြုထားသော အလင်းရောင်အောက်မှာ ရှီချန် ငေးကြည့်နေမိသည်...

"ဘာကြည့်နေတာလဲ.."

"လှလို့.. မင်းအရမ်းကို.......  လှတယ်.."

"လန်ဟွမ့်.. ကျွန်တော် မမူးဘူး.."

အနည်းငယ် တွန့်ကြေနေတဲ့ ၀တ်ရုံကို ထိုင်ပြင်နေရင်း.. ကျန်းချန်က သူ့ကိုမကြည့်ပဲ ပြောလိုက်သည်...

"ဟမ်.. ဒါဆို.."

"ကျွန်တော်လဲ နမ်းချင်လို့.."

ခပ်ထွေထွေ မျက်ဝန်းများဖြင့် စိုက်ကြည့်လာကာ.. သူ့ရှေ့မှာ တစ်စုံတစ်ခုကို စဉ်းစားနေတဲ့ လန်ရှီချန် နားကို ကပ်လိုက်ကာ..

ဖြူလျနေတဲ့ သူ့လက်တစ်ဖတ်ကို လန်ရှီချန် ပါးပြင်ပေါ်သို့ တင်လိုက်ပြီး...

"ကျွန်တော် ခင်များကို ချစ်တယ်.. စတွေ့ထဲကပဲ.. ဘယ်တော့ ပြန်ဆုံရမလဲပဲ အမြဲတမ်းတွေးနေမိတယ် ခင်များကို လွမ်းနေမိတယ်... ခင်များသိလား ကြင်ယာရွေးပွဲကိစ္စကြောင့် ကျွန်တော် တကယ်စိတ်ရှုပ်တယ်... ဆရာတစ်ယောက်ကလဲ နမိတ်ဖတ်လိုက်သေးတော့ ကျွန်တော့် စိတ်တွေမငြိမ်နိုင်တော့ဘူး...  လန်ဟွမ့် ကျွန်တော့်  ခင်များကိုပဲ လိုချင်တယ် ခင်များကော ကျွန်တော့် ကို ချစ်လား..."

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Onde histórias criam vida. Descubra agora