သွေးကြောမျှင်လေး 23.2

5.4K 625 34
                                    

Chapter 23.2

................ ..................

နောက်တနေ့မှာပေါ့.. အရှေ့ပင်လယ် ငွေနှင်းအရှင်နဂါးမင်းဆီကို မှော်နတ်ဆိုးမဟူရာရဲ့ သံဝဏ်လွှာ တစ်စောင်ရောက်လာခဲ့တယ်...

- စာထဲပါတဲ့အကြောင်းအရာကတော့.. လူပြည်မှာသူတို့နှစ်ဦးသားချစ်မိခဲ့တဲ့ မိန်းကလေးဝေ့ရင်းက တကယ်တော့ မီးညွှန့်အရှင် နဂါးမင်းဖြစ်နေကြောင်း... ကို အကျယ်တ၀င့်ဖော်ပြထားတာပေါ့...

-သူတို့လှည့်စားခံလိုက်ရပါကြောင်း နှင့် ဝေ့ရင်းက ဘာအကြံအစည်ရှိနေမှန်းမသိတာကြောင့် သတိထားနေပါလို့ သတိပေးလိုက်တဲ့ စာတွေလဲပါတာပေါ့....

မဟူရာက စာပို့ပြီးပြီး ခြင်းရင်ထဲမှာအပျော်တွေဆို့လာတယ်. သူမပိုင်ဆိုင်ရသလို လန်ကျန့်လဲ ဘယ်တော့မှပိုင်ရမှာမဟုတ်တော့ဘူးလေ...ဘာလို့လဲဆိုတော့ နဂါးမင်း အချင်းချင်း လက်ထပ်ခွင့်မှမရှိတာ ကိုယ့်နယ်နိမိတ်ထဲက နဂါးမကိုသာယူပိုင်ခွင့်ရှိတာလေ...

သူ့အတွေးနက့်သူပျော်နေတဲ့ မဟူရာ ကြာကြာတောင်မပျော်လိုက်ရပါဘူး.. အရှေ့နဂါးမင်းက သံဝဏ်လွှာဖတ်ပြီးပြီးခြင်း အနောက်ပင်လယ်ကို ကြွချီသွားပါတယ် ဆိုတဲ့ သတင်းကြောင့်... စိုးရိမ်သွားရပြန်တယ်...

သို့ပေမယ့် သူရေးထားတဲ့စာ အသွားအလာကို သူနားလည်တယ် အဲ့လိုပဲ လန်ကျန့်ကလဲနားလည်မှာပဲ.. အဲ့တော့ အခု ဒီတခါသွားတာက ဝေ့ရင်းကို ပြသနာ ရှာဖို့ ဒါမှမဟုတ်ရင်.. အနောက်ပင်လယ်ကို ဖျတ်စီးဖြစ်ဖို့ နှစ်ခုထဲက တခုခုပဲလေ....

မှော်နတ်ဆိုး နဂါးမင်းမဟူရာကတော့ သူ့ရေနန်းတော်မှာပဲ သေရည်လေးသောက်လိုက် ပျော်ပွဲတွေဆင်မြန်းလိုက်နက့် လန်ကျန့်နက့် ဝေ့ရင်းရဲ့ သတင်းကို နားစွန့်နေလေရဲ့....

.................

.................

.......၀ုန်း!!!....

"ဝေ့ရင်း!!!.."

အဆောင်တော် တခါးကို ဖျတ်စီးပီး အစောင့်တွေကို သတ်ကာ.. မီးတောက်နေသော မျက်ဝန်းအစုံဖြင့် သူ့နာမည်ကို အော်ခေါ်လိုက်သော လန်ကျန့်ကို ဝေ့ရင်းသလွင်ပေါ်ကနေတွေ့လိုက်ရသည်...

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Donde viven las historias. Descúbrelo ahora