သွေးကြောမျှင်လေး 28

5.1K 609 75
                                    

Chapter  28

ဒဏ်ရာ ရသွားတဲ့ ကျန်းချန်ကို ဝေ့ရင်း ထမ်းပိုးပီး ၀မ်ချင်နက့်အိမ်ရှေ့စံရှိရာဂူထဲသို့ပြန်ခေါ်လာခဲ့ပေမယ့်.. ကျန်းချန် ကအခြေအနေမဟန်..

နဂါးလက်သည်းဖြင့် အကုတ်ခံထားရတာမို့ တကိုယ်လုံးညိုမဲလာပီး.. အတွင်းသားနက်နက်ထဲအထိ ထိုးစိုက်ကုတ်ခြစ်ခံလိုက်ရတာမို့..ရင်ဘက်က အသားစတွေကလဲမြင်မကောင်းအောင် ပျဲလန်နေလေသည်...

"အား.!!"

မြေပြင်ပေါ်သို့သာသာယာယာချပေးလိုက်ပေမယ့် ကျန်းချန်က သေလောက်အောင်နာကျင်နေတာကြောင့် အံကြိတ်ထားသည့်ကြားမှ အော်ဟစ်မိသည်...

ဝမ်ချင်လဲ အဆိပ်အနည်းငယ်ပြေနေသည်ကတစ်ကြောင်း စိုးရိမ်စိတ်ကြောင့် တစ်ကြောင်း ချက်ချင်း ထကာ ဝေ့ရင်းတို့အနားကိုလျှောက်လှမ်းလာပေမယ့်....

သူကိုယ်တိုင်လဲ အခြေအနေမဟန်ပဲ မြေပြင်ပေါ်ဒူးထောက်လျက်သားလဲ ကျသွားကာ...ဝေ့ရင်းနက့်ကျန်းချန်ဆီသို့ လေးဘက်ထောက်လျက်သားဖြင့်သာ မရ ရအောင်သွားနေမိသည်..

အိမ်ရှေ့စံကတော့ နေရာမှတောင်မထနိုင်သေး... ပီချန်ရောက်လာတော့ ကျန်းချန်ကို ရင်ခွင်ထဲဖတ်ပီး အသိစိတ်မဲ့ကာ တိတ်တဆိတ်မျက်ရည်ကျနေတဲ့ဝေ့ရင်းက...

"ဆရာ ကယ်ပါဦး.. ကျန်းချန် သေ..သေတော့မလားမသိဘူး ဆရာဝမ်ချင်ကယ်ပါဦး.."

ငိုရှိုက်သံသဲ့သဲ့ပါနေပေမယ့် အံကြိတ်ထားတာမို့ ဝေ့ရင်းရဲ့စကားတွေက သိပ်မသဲကွဲပေမယ့် ၀မ်ချင်နားလည်တယ်.. သူ့အနားမှာရှိတဲ့ ကျန်းချန်ရဲ့ဓားအိမ်ကို ဆွဲယူလိုက်ပီး..

"ဝေ့ရင်း သူ့ကိုတိုက်လိုက်ပါ.. သေချာတိုက် ဒါပေမယ့်မ များစေနက့်.."

"ဟုတ် ..ဟုတ်ကဲ့.."

ဓားအိမ်ကို တုန်ယင်နေတဲ့လက်အစုံဖြင့် ဝေ့ရင်းဆီကမ်းပေးလိုက်တော့ ဝေ့ရင်းက ဓားအိမ်ဝကနေ သွေးအချို့ကို ကျန်းချန်ရဲ့ ပါးစပ်အတွင်းသို့စီးကျစေသည်...

ထိုအချိန်မှာပဲ အပြင်မှာလဲ အသည်းအမဲတိုက်ခိုက်နေတဲ့ လန်ကျန့်နက့်မဟူရာ ရဲ့တိုက်ပွဲက ပိုပြင်းထန်လာသည်...

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Nơi câu chuyện tồn tại. Hãy khám phá bây giờ