သွေးကြောမျှင်လေး 29

6K 611 117
                                        

Chapter  29


"ဝေ့ရင်း..!!!"

မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် ပြုတ်ကျလာတဲ့ ဝေ့ရင်းကို လန်ကျန့် အမှီလေးလှမ်းဆွဲလိုက်ပေမယ့်...

မြေပြင်မှာစိုက်နေတဲ့ ဓားဦးချွန်ချွန်က ဝေ့ရင်းရဲ့နောက်ကျောမှ ရင်ဘက်သို့ ထုတ်ချင်းပေါက် ထိုးဝင်သွားသည့်အပြင်...

ညာလက်မောင်း တွင်လဲ လှံဖျား၏ ရှရာ တချက်.. တကယ်လို့သာ အဆိပ်ငွေ့မရှုလိုက်မိခဲ့ရင်..

ဝေ့ရင်းရဲ့မြေပြင်သို့ဆင်းသက်ချင်းက ငှက်မွေးပမာ ပကတိ ငြင်သာပြီးအနာတရရှိမှာမဟုတ်...

အခုတော့.. လန်ကျန်က ဝေ့ရင်းရဲ့ဦးခေါင်းက မြေပြင်ပေါ်သို့ အားနှင့်ရိုက်မကျသွားခင် လက်မတင်လေးမှာပဲ ဖမ်းဆွဲလိုက်နိုင်သည်...

ရင်ဘက်သို့ ထုတ်ချင်းပေါက်နေသော ဓားဦးကို ဝေ့ရင်းရဲ့ကျောဘက်မှ လန်ကျန့် ဆွဲထုတ်ပစ်လိုက်တော့..

"အာ့...လန်..ကျန့် နာ..နာတယ်."

သွေးတပွတ်အန်ချပီး မျက်မှောင့်ကျုပ်ကာပြောလိုက်တဲ့ဝေ့ရင်းကြောင့်.. လန်ကျန့် အံကြိတ်ထားရင်းနက့်မှ မျက်ရည်တစ်ပေါက်က ဝေ့ရင်းပါးပြင်းသို့ ကျဆင်းသွားသည်...

"ဝေ့ရင်း.."

နာမည်ကိုသာ ခပ်တိုးတိုးလေးခေါ်မိသည်.. ဝေ့ရင်းရဲ့တကိုယ်လုံးကို ခပ်ဖွဖွလေးသာ သူဖတ်ထားမိသည်..

ဝေ့ရင်းနာကျင်နေမှာ.. ကျောဘက်ကနေ သွေးတွေ တဆိမ့်ဆိမ့် စီးကျနေမှာ သူသိတယိ... ဒါကြောင့် ခပ်ဖွဖွလေးသာ ဖတ်ထားပါ့မယ်ဝေ့ရင်း...

"လန်..ကျန့် မငိုပါနက့်.. ငါ မသေ..မသေသေးပါဘူး."

ဝေ့ရင်းရဲ့မျက်ရည်ကြည်တွေကို မြင်နေရတာမို့်.. ဝေ့ရင်း နာလွန်းလို့အံကြိတ်ထားတာသိနေရတာမို့. ဝေ့ရင်းရဲ့အားပေးစကားက လန်ကျန့်ကို ဘယ်လိုမှ အထောက်အကူမပြု...

"ဝေ့ရင်း... စကားတွေ အများကြီးမပြောပါနက့်.. ငါ..ငါတို့နန်းတော်ပြန်ကြရအောင်.. အတော်ဆုံးသမားတော်နက့်ကုရအောင်နော်... ဝေ့ရင်း.. တချက်လေးပဲ အားတင်းထားပါ... ရှိုးယွဲ့လဲရှိတာပဲ ရှိုးယွဲ့က အရမ်းတော်...."

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Место, где живут истории. Откройте их для себя