#For Zawgyi
ဒီနေ့ ဆက်စေဓနတို့ ဆေးရုံ လူစည်နေသည် ။ ဆေးရုံဆိုတာ လူစည်ကားသင့်တဲ့ အရပ်မဟုတ်တာမို့ ထိုစည်ကားခြင်း အချင်းအရာပေါ်မှာ ဘယ်သူမှ ပျော်မနေနိုင်ကြပေ ။ များလွန်းလှတဲ့ လူနာတွေကြောင့် ဆရာဝန်တွေရော သူနာပြုတွေရော ရှိရှိသမျှ တာဝန်ကျ ဝန်ထမ်းအားလုံး ပင်ပန်းနေကြပြီ ။ သူကိုယ်တိုင်လည်း မနက်စ,ရောက်ကတည်းက အခု နေ့လည်စာစားချိန်အထိ တစ်ချက်မှမနားရသေး ။
" ကိုစေ လူနာတွေအကုန်ရှင်းပြီလား "
သူနာပြုလေးတစ်ယောက်က အခန်းဝမှ ခေါင်းပြူကာမေးလာတော့
" အခုပဲ အကုန်ပြတ်သွားတယ် ဇင်မာရေ ၊ အလုပ်ပါးသွားတုန်းလေး ငါလည်း ထမင်းသွားစားလိုက်ဦးမယ် ၊ ညည်းတို့ရော စားပြီးပြီလား "
" ဇင်မာတို့လည်း ခုပဲ စားတော့မလို့ ကိုစေ "
" အေး အေး "
" အပြင်မှာ ကိုစေ့ဧည့်သည် ရောက်နေလို့ လာပြောတာ "
" ဟေ ဘယ်သူလဲ "
" ကောင်လေးတစ်ယောက်ပဲ ၊ ရောက်နေတာ တစ်နာရီလောက်ရှိနေပြီ ၊ သူက ကိုစေအလုပ်အားတဲ့အထိ ထိုင်စောင့်မယ်ဆိုလို့ ဇင်မာလည်း လာမပြောတာ "
" အေး အေး ကျေးဇူးပဲ ဇင်မာရေ ၊ ငါအခုလာခဲ့မယ် "
ဘယ်သူပါလိမ့် ။ တော်ရုံတန်ရုံ သူ့ဆီလာသည့်ဧည့်သည်ဟူ၍ သိပ်မရှိတတ်တာမို့ အထူးအဆန်းလိုဖြစ်နေသည် ။ ကိုယ့်ကို တစ်နာရီတောင် စောင့်ထားရသည်ဆိုသည့် ဧည့်သည်အား ဘယ်သူမှန်းမသိသော်လည်း စိတ်ထဲမှ အားနာမိဧ။် ။
အပြင်ကို အမြန်ထွက်လာခဲ့ပြီး ကိုယ့်အားစောင့်နေသည့် ဧည့်သည်ဆိုသူကို မြင်လိုက်ရချိန်မှာ အံ့သြစိတ်နဲ့အတူ မျက်လုံးတောင် ပြူးချင်ချင်ဖြစ်သွားသည် ။
ဧည့်သည်ဆိုတာ...သူ ဘယ်လိုမှ မျှော်လင့်မထားသော အသာရယ်လေ ။
" အသာ "
" ဟော အကို...အလုပ်ပြီးသွားပြီလား "
" အင်း အခုလတ်တလောတော့ အားသွားပြီဆိုပါတော့ကွာ ၊ ဒါနဲ့ အသာက ကိုယ့်ဆီလာတာလား "

ESTÁS LEYENDO
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...