#For Zawgyi
အကို့အိမ်ရောက်တော့ အကို့မေမေကလည်း သူ့ကို လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုသည် ။ သူဝယ်လာပေးတဲ့ သစ်သီးတွေကို ကြည့်ရင်း
" ဒါတွေ ဘာလို့ဝယ်လာတာလဲ သားလေးရယ် ၊ အမေက အမေ့လက်ရာကို ကျွေးချင်လို့သက်သက် ခေါ်ခိုင်းလိုက်တာပါ ၊ အခုတော့ အားနာစရာတွေ ဖြစ်ကုန်ပြီ "
ပထမဆုံးတွေ့ဆုံမှုမှာပင် နွေးနွေးထွေးထွေး အမေလို့ သုံးနှုန်းခံလိုက်ရတော့ သူ့ရဲ့ကြည်နူးပီတိဖြစ်ရမှုဟာ တကယ်ကို အတိုင်းအဆမဲ့ ။ ဒါဟာ အကို့အပေါ် မက်မောလိုစိတ်နဲ့ ကြည်နူးမိတာ မဟုတ်ဘဲ အကို့ရဲ့မေမေက သူ့အပေါ် ချစ်ခင်ပေးတယ်ဆိုတဲ့ အဖြူထည်စိတ်သန့်သန့်လေးနဲ့သာ ကြည်နူးမိတယ်ဆိုတာကိုတော့ သူ သစ္စာဆိုဝံ့ပါသည် ။
" အားမနာပါနဲ့ အမေရယ် ၊ အသီးအနှံဆိုတာ လူကြီးတွေရဲ့ ကျန်းမာရေးအတွက် တကယ်ကို စားသင့်တာမို့ ကျွန်တော်က ဝယ်လာတာပါ ၊ အမေ့အတွက် ရည်ရွယ်ပြီး ယူလာတာမို့ ကျွန်တော်ကုသိုလ်ရအောင် အမေက နှစ်နှစ်ခြိုက်ခြိုက်စားပေးရမယ်နော် "
" အသာလေးက လိမ်မာလိုက်တာ ၊ သားကြီးပြောပြတာထက်တောင် လိမ်မာနေတာကိုး ၊ အမေ့သားငယ် ဆက်နေကိုလည်း အသာလေးလို လိမ်မာရေးခြား ရှိစေချင်တာ "
" ဆက်နေဆိုတာ ကိုယ့်ညီလေ အသာ ၊ သူက အသာ့မမ လင်းလင်းနဲ့ ငယ်ငယ်က ဆော့ဖော်ဆော့ဖက်တွေပေါ့ ၊ အခု စင်္ကာပူမှာ ကိုယ့်ဖေဖေနဲ့ နေနေတာ "
" မေမေနဲ့သားတို့အဖေက Divorce လုပ်ထားတာလေ "
အကို့မေမေရဲ့ အပြောမှာ အားနာခြင်းကြီးစွာနဲ့ သူ့မှာ စိတ်မကောင်းဖြစ်ရသည် ။
" အာ...ကန်တော့ ကန်တော့ မေမေ "
" ဒါတွေက ကြာခဲ့ပါပြီ သားလေးရယ် ၊ ဘာမှမဖြစ်တော့ပါဘူး ၊ ကဲ ကဲ သားတို့ စားကြတော့မလား "
" အသာ ဗိုက်ဆာပြီလား "
" မဆာသေးဘူး အကို ၊ ကျွန်တော် ဟိုတလောက အကို့ဆီက ငှါးသွားတဲ့ စာအုပ်တွေ ပြန်ယူလာရင်း အသစ်လည်း ထပ်ငှါးချင်လို့ "
" အော ဒါဆို လာလေ ၊ အကို့အခန်းထဲ သွားကြမယ် ၊ မေမေ ကျွန်တော်တို့ ပြီးမှစားတော့မယ် "
![](https://img.wattpad.com/cover/200679406-288-k500295.jpg)
BẠN ĐANG ĐỌC
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Lãng mạn#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...