#For Zawgyi
အသာရှိနေမည့်နေရာကို သူခန့်မှန်းလိုက်နိုင်သည့်အတွက် အခုပဲ လိုက်သွားတော့မည်ဖြစ်ကြောင်း လင်းလင်းတို့ထံ ဖုန်းဆက်ပြီး အသိလှမ်းပေးတော့
" အဲ့ဒီနေရာဆိုတာ သေချာလို့လား ကိုဆက်ရဲ့ "
" သေချာတယ် ၊ တကယ်ကို သေချာတယ် "
" ဒါဆို လင်းတို့လည်း လိုက်မယ်လေ "
" လိုက်ချင်လည်း နင်တို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ လိုက်ခဲ့ကြ ၊ ငါက အခုချက်ချင်း သွားတော့မှာ "
" ကားလက်မှတ်က ဖြတ်ပြီးပြီလား "
" အဝေးပြေးကားတွေ ထွက်တဲ့အချိန်ထိ ငါ မစောင့်နိုင်တော့ဘူး ၊ ငါ့ဟာငါ ကားမောင်းပြီးသွားတော့မှာ "
" ဟင်...တစ်ယောက်တည်း အဝေးကြီးမောင်းသွားလို့ဖြစ်ပါ့မလား ကိုဆက်ရဲ့ "
" ဖြစ်တယ် ၊ အခုကစပြီး အသာနဲ့ပတ်သက်ရင် မဖြစ်ဘူးဆိုတာ ဘာမှမရှိစေရဘူး "
" ကဲ ဒါဆိုလည်း မတားတော့ပါဘူး ၊ ဂရုစိုက်ပြီးသာသွားပါ ၊ လင်းနဲ့ဆက်နေလည်း မနက်ဖြန် လိုက်လာခဲ့ပါ့မယ် "
" အေး အေး "
ဆေးရုံကိုလည်း ဖုန်းလှမ်းဆက်ရသေး၏ ။ စီစဉ်စရာရှိတာ စီစဉ်လို့အပြီးမှာ တွေ့ကရာ အဝတ်အစား သုံးလေးစုံကို အိတ်ထဲ ကမန်းကတန်းထည့်ကာ ချက်ချင်း ကားမောင်းထွက်လာခဲ့တော့သည် ။
ကလေးရှိရာကို အမြန်ဆုံးရောက်အောင် လာမှာမို့ ကိုယ့်ကိုသာ စောင့်နေပေးပါ ကလေးငယ် ။
ကားမောင်းရင်း စိတ်တွေကလှုပ်ရှားလွန်းသဖြင့် လုပ်မိလုပ်ရာ FM လိုင်းတစ်ခုကို လှမ်းဖွင့်မိတော့ ကြားလိုက်ရတဲ့ ဖြူဖြူကျော်သိန်း သီချင်းသံကြောင့် ပြုံးမိရသေးသည် ။
သူ့ခံစားချက်နဲ့တိုက်ဆိုင်နေလို့ ခုတလောမှာ အမြဲတမ်း ဖွင့်ဖွင့်ပြီး နားထောင်ဖြစ်နေတဲ့ အားလုံးနဲ့လဲပါတယ်ဆိုတဲ့ သီချင်းလေး ။
အဲ့ဒီသီချင်းလေးထဲကလိုပဲ အသာ့အတွက်ဆိုရင် သူ့ရဲ့မိသားစု ၊ အခြေကျပြီးသား အလုပ်အကိုင် ၊ ကျင်လည်ရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ ရှိနှင့်ထားတဲ့ သိက္ခာတရား....စတဲ့ စတဲ့ အရာအားလုံးနဲ့ တကယ်ကိုပဲ အလဲအထပ် လုပ်ပစ်နိုင်ပါသည် ။

YOU ARE READING
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...