#For Zawgyi
အသာတို့အိမ်ရဲ့ ဧည့်ခန်းအတွင်းမှာ သူအပါအဝင် ဘွားဘွား ၊ အန်တီခင် ၊ အန်ကယ်ဇော် ၊ အန်တီနှင်းနု ၊ လင်းလင်း စသဖြင့် လူစုံတက်စုံ ရှိနေသည် ။
" ဒီကိစ္စကို ငါ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး ဆက်စေ ၊ ဘယ့်နှယ်အေ လူကြားလို့မှမကောင်း ၊ ငါတို့မျိုးရိုးထဲမှာလည်း ဒါမျိုး တစ်ယောက်မှမရှိခဲ့ဘူး "
ဘွားခင်ရဲ့မျက်နှာဟာ ဒေါသကြောင့် တင်းမာခက်ထန်လျက်ရှိသည် ။ သို့သော်လည်း သူကတော့ မတုန်လှုပ်ပါ ။ အရာရာကို သွေးအေးအေးနဲ့ပဲ ရင်ဆိုင်ဖြတ်ကျော်ဖို့ ဆုံးဖြတ်ထားပြီးမှတော့ သူ့အား နင့်ပဲငဆပြောရုံမကလို့ ထရိုက်ရင်တောင် သူ့အဖို့ မမှုတော့ပြီ ။
အသာ ထွက်သွားတယ်ဆိုတဲ့အရာထက် ပိုပြီး ဘယ်အရာကများ သူ့ကို နာကျင်စေနိုင်ဦးမှာလဲ ။
" ဘွားဘွား လက်ခံမှာမဟုတ်ဘူးဆိုတာ အစကတည်းက ကျွန်တော် တွေးထားပြီးသားပါ ၊ ဒါပေမယ့်.... "
သူ ပြောလက်စ စကားကို ခတ္တခဏရပ်ကာ လက်အုပ်ချီလိုက်ရင်း
" ကျွန်တော်ကတော့ အသာ့ကို ဘယ်နည်းနဲ့မှ လက်လွှတ်အဆုံးရှုံးခံမှာ မဟုတ်ပါဘူး ၊ ကျွန်တော့်ဘက်က မလေးစားသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ "
" မင်းတို့ ဒီအတိုင်းရှေ့ဆက်သွားလို့ကတော့ ငါက ထင်းထင်သာကို အမွေဖြတ်ရလိမ့်မယ် "
" ကျွန်တော်က အသာ့ကို ကောင်းကောင်းကြီး စောင့်ရှောက်နိုင်တာမို့ ဘွားဘွားဆန္ဒရှိသလို အမွေဖြတ်လို့ရပါတယ် ၊ အသာကလည်း ဘွားဘွားသဘောမတူတာကိုသာ စိတ်မကောင်းဖြစ်ချင်ဖြစ်မယ် ၊ အမွေဖြတ်တာကိုတော့ ထူးပြီးခံစားနေမယ့်ကလေးမဟုတ်ပါဘူး ၊ သူ လောဘကင်းတာ ကျွန်တော်အသိဆုံးမို့လို့ ဘွားဘွားက စိတ်ဖြောင့်လက်ဖြောင့် အမွေဖြတ်နိုင်ပါတယ် "
သူ့စကားကိုအကြားမှာ ဘွားဘွားဟာ ဒေါသကြောင့် တဆတ်ဆတ်တုန်လာပြီး
" မင်း မင်း ငါ့ရှေ့က အခုထွက်သွားတော့ "
တင်းမာကုန်သော အခြေအနေတွေဖြစ်လာတော့ အန်ကယ်ဇော်က အတင်းဝင်တားကာ

أنت تقرأ
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
عاطفية#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...