ကိုယ့်ရဲ့ ပထမဆုံး ဖန်တီးမှုဖြစ်တဲ့ "လမင်းမျှော်သူ" လေးကို တကယ်ပဲ ဇာတ်သိမ်းနိုင်ခဲ့ပါပြီ ။
ဒီ Fic လေး ရေးဖြစ်အောင် motivation တွေအများကြီးပေးတဲ့ ကိုယ့်အမျိုးသားနဲ့ ကိုယ့်အချစ်ဆုံးသူငယ်ချင်း Wai Lwin ကို ကျေးဇူးတင်ပါတယ် ။
ဒုတိယ ကျေးဇူးတင်ချင်တာကတော့ Wattpad မှာ စာရေးနည်းကို စိတ်ရှည်လက်ရှည်ပြောပြပေးခဲ့တဲ့ ညီမလေး Author Nway Oo May ပါ ။ ဒီကနေ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ ညီမလေးရေ.... 😍
တတိယကျေးဇူးတင်ချင်တာကတော့ Unicode နဲ့ပါ တွဲပြီးတင်လို့ရအောင် ပြောပြပေးတဲ့ ညီမလေး Author Han Me ကိုပါ ။ ကျေးဇူးအများကြီးတင်ပါတယ် ဟန်မီလေးရေ.... 😍
နောက်ထပ် ကျေးဇူးတင်ချင်တာကတော့ တီတီ Shwe Latt ပါ ။ အားနာစိတ်ကြောင့် ကိုယ့် Fic လေးကို ဖတ်ကြည့်ပေးဖို့ ဘယ်သူ့ကိုမှ မတောင်းဆိုခဲ့ဖူးပေမယ့် တီတီ့ကိုတော့ ဖတ်ကြည့်ပြီး ဝေဖန်ပေးဖို့ ထူးထူးခြားခြား အပူကပ်ပြီး တောင်းဆိုခဲ့မိတယ် ။ ဒီ Fic လေး ရှေ့ဆက်ရေးဖြစ်တဲ့အကြောင်းရင်းထဲမှာ တီတီ့ရဲ့ အဆင်ပြေတယ်ဆိုတဲ့ အားပေးစကားတွေကြောင့်လည်း ပါ,ပါတယ် ။ ဒီနေရာနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် တီ 🙏🏼 ။
ထပ်ပြီး ကျေးဇူးတင်ရမှာကတော့ ကိုယ်သိပ်ချစ်ရတဲ့ Reader တွေကိုပါပဲ ။ မကောင်းမကန်း ကိုယ့် Fic လေးကို စိတ်ရှည်လက်ရှည် စောင့်ဖတ်ပေးတဲ့ တစ်ယောက်စီတိုင်းနဲ့ vote တွေ comment တွေ ပေးကြတဲ့ reader တစ်ယောက်စီတိုင်းကို ကျေးဇူးအထူး အထူး တင်ပါတယ်နော် ။ Comment တစ်ခုစီတိုင်းဟာ ကိုယ့်လို အသစ်တစ်ယောက်အတွက် တကယ်ကိုပဲ အင်အားဖြစ်စေခဲ့လို့ပါ ။ ❤️🥰💚
Facebook ကနေ "ဆက်စေ နဲ့ အသာ ပေါင်းရရေး ဒို့အရေး" ဆိုပြီး ဆန္ဒပြခဲ့ကြတဲ့ အချစ်တွေလည်း ကိုယ့်ရဲ့ ဒီဇာတ်သိမ်းလေးကို ကျေနပ်ကြမယ် ထင်ပါတယ်.... 😄
ကိုယ့်ရဲ့ကလေးတွေဖြစ်တဲ့ ဆက်စေ နဲ့ အသာ့ကို အများကြီးချစ်ပေးကြတဲ့အတွက်လည်း ဖန်တီးသူတစ်ယောက်အနေနဲ့ တကယ်ပဲ ဝမ်းမြောက်ပီတိဖြစ်ရပါတယ် ။ ရှေ့ဆက်ပြီးလည်း ချစ်ပေးကြပါနော် ။
![](https://img.wattpad.com/cover/200679406-288-k500295.jpg)
ESTÁS LEYENDO
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...