#For Zawgyi
ကားနှင့် ၄ နာရီလောက် သွားရပြီးသည့်နောက်မှာတောင် သတ်မှတ်ထားသော ရွာတွေဆီသို့ မရောက်သေး ။ ရွာသားတွေ လာကြိုပေးသော ထော်လာဂျီနှစ်စီးနှင့် ခရီးဆက်ရပြန်သည် ။
ကွန်ကရစ်တွေ ၊ ကတ္တရာတွေ ခင်းထားခြင်းမရှိတဲ့ သဘာဝမြေနီလမ်းပေမို့ ထော်လာဂျီစီးရသည်မှာ ယိမ်းထိုးနေပြီး မသက်မသာရှိလှသည် ။
" အသာ ထိုင်ရတာ အဆင်ပြေရဲ့လား "
" ဟုတ် ပြေပါတယ် အကိုရ ၊ စိတ်မပူပါနဲ့ "
သူကသာ စိတ်ပူနေရတာပါ ။ လမ်းတစ်လျှောက်လုံး ဟိုဟိုဒီဒီကြည့်ရင်း သင်းကလေးက တက်တက်ကြွကြွနှင့် ပျော်ရွှင်မဆုံး တပြုံးပြုံးဖြစ်နေလေသည် ။
" ဆက်စေ...နင်က နင့်ညီလေးကို တော်တော်ချစ်တာပဲနော် ၊ ငါတို့ကြည့်နေတာ...တစ်လမ်းလုံး နင့်မှာ ဒီကလေးကို အရိပ်တကြည့်ကြည့်နဲ့ ၊ မသိရင် ကလေးအဖေကြီးကျနေတာပဲ "
" အာ...ငါ့ညီလေးက ခရီးတွေဘာတွေ သိပ်ထွက်ဖူးတာမဟုတ်ဘူးဟ ၊ အဲ့ဒါကြောင့် ငါက စိတ်ပူပူနေရတာ "
သူငယ်ချင်းမလေးက ရိုးရိုးသားသားပြောတဲ့အပေါ်မှာကို မျက်နှာတွေ ပူမိနေတာက ညက အဖြစ်အပျက်တွေကြောင့်ပဲလား ။ ဘေးမှာ အသာကလည်း ရှိနေတာကြောင့် အို့တို့အမ်းတမ်းဖြင့် အသာ့ဘက်ကို မသိမသာငဲ့ကြည့်မိတော့ သူ့အား ခပ်စွေစွေလေး ခိုးကြည့်လာတဲ့ အသာ့အကြည့်တွေနဲ့ တန်းခနဲ ဆုံတော့သည် ။
" အဟမ်း အဟမ်းးး "
" အဟွတ် ဟွတ် "
နှစ်ယောက်သား မလုံမလဲတွေဖြစ်ရင်း ချောင်းတွေပါ ထ,ဆိုးကုန်ကြသည် ။
" ဟဲ့...ဒီညီအကိုတွေကတော့ ချောင်းဆိုးတာတောင် ပြိုင်တူ ဆိုးရသလား ၊ အမလေး...ဘယ်လို ညီအကိုတွေပါလိမ့်ဟယ် "
မေမွန်...မေမွန် ဒင်း လုပ်တာနဲ့ သူ့မှာ အသာ့ဘက်ကိုတောင် လှည့်မကြည့်ရဲတော့ချေ ။
ရွာရောက်တော့ ရွာလူကြီးမှအစ တစ်ရွာလုံးက သူတို့အဖွဲ့ကို ဝမ်းပန်းတသာနှင့် လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုကြသည် ။

ESTÁS LEYENDO
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...