#For Zawgyi
ဘွားဘွားဦးဆောင်သော စကားဝိုင်းမှာ လင်းထင်ဖြာအား ချီးမွမ်းခန်းဖွင့်သော စကားတို့နှင့်သာ ပြည့်နှက်နေ၏ ။ ဆက်စေ အသာ့ကို ကြည့်မိချိန်တိုင်းမှာ ထိုကလေးခေါင်းဟာ အမြဲတစေ ငုံ့နေလျက်သား ။
အန်ကယ်နှင့်အန်တီကတော့ အသာ့ကို နေရကြပ်နေမှာ စိုးရိမ်ပုံနှင့် မကြာမကြာ လှမ်းကြည့်ကြသော်လည်း သူတို့ကိုယ်တိုင်ကိုက ဘွားဘွားကို လွန်ဆန်နိုင်ဟန်မတူပေ ။
ထမင်းစားကြဖို့ ထမင်းစားပွဲမှာ ထိုင်သည့်အခါမှာလည်း ကျန်မိသားစုတွေ စုံသည့်တိုင် အသာ့ကိုကား ရှာမတွေ့ ။
" ဘွားဘွား...အသာကရော ကျွန်တော်တို့နဲ့အတူတူ မစားဘူးလား "
သူမေးလိုက်မှ ဘွားဘွားက အနည်းငယ် မျက်နှာပျက်သွားပြီး
" ဟဲ့ မနော်...အငယ်ကောင်ရော "
" အပေါ်ထပ်ကို တက်သွားပါပြီ ဘွားဘွားကြီး "
" သွားခေါ်ချည် ၊ ထမင်းစားမယ်...လို့ "
ထိုကလေးနဲ့ ပက်သတ်ပြီး သူ့စိတ်ထဲမှာ ဘယ်လိုမှ ဘဝင်မကျ ။ ထမင်းစားကြတော့လည်း သူအပါအဝင် မိသားစုအကုန်လုံးက စည်စည်ကားကား စကားပြောဆိုနေကြသလောက် အသာကတော့ တစ်ခွန်းမှ ဝင်ပြောခြင်းမရှိဘဲ ထမင်းသာ ငုံ့စားနေသည် ။
စားနေတာကို သူအကဲခတ်ကြည့်တော့လည်း အသာက သူ့ရှေ့မှာ ရှိနေတဲ့ ဟင်းပန်းကန်မှလွဲ၍ ကျန်တာတွေကို လှမ်းပြီးယူငင်ခြင်း၊ ထည့်စားခြင်းမျိုး မရှိ ။ ထိုအချင်းအရာကို အန်တီနှင်းနုက သတိထားမိသွားပုံနှင့်
" သားငယ်...ဟင်းတွေထည့်စားလေ "
အမေလုပ်သူက ပြောတော့လည်း ဟုတ်ကဲ့ ဟုသာ ဖြေရင်း လူကတော့ နဂိုပုံစံအတိုင်းစားမြဲ ။ ထိုကလေးကို ကြည့်ရသည်မှာ စက်ရုပ်ဆန်လှသည် ။
အစကတော့ ဘာကြိုက်မှန်းမသိ၍ ဟင်းထည့်ပေးဖို့ မကြိုးစားမိပေမယ့် ထိုကလေး စားနေသည့်ပုံကို ကြည့်ရင်း နောက်ဆုံး သူ မနေနိုင်တော့ ။ ငယ်ငယ်တုန်းက အသီးအရွက်တွေ မက်မက်မောမော စားတတ်တာလေးကို သတိရမိသွားတာလည်းပါသည် ။ သူ အစိမ်းကြော်ပန်းကန်ထဲမှ အသီးအရွက်တွေကို ခပ်ကာ အသာ့ပန်းကန်ထဲ လှမ်းထည့်ပေးတော့ သူ့အား မယုံနိုင်သလို ကြည့်လာသော အံ့သြဟန်စွက်နေသည့် မျက်ဝန်းကြည်ကြည်များ ။
![](https://img.wattpad.com/cover/200679406-288-k500295.jpg)
ŞİMDİ OKUDUĞUN
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Romantizm#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...