#For Zawgyi
ကားထဲရောက်အောင် ဘယ်လိုလျှောက်လာခဲ့မိမှန်းပင်မသိ ။ စတီယာရင်ကို လက်နှင့် ခပ်ဆဆထုမိရင်း ခေါင်းပါ မှောက်ချမိသည် ။
မင်း...ဘယ်လိုတွေတောင် ရုပ်ပျက်ခဲ့တာလဲ 'ထင်းထင်သာ' ရာ.....။
ကိုယ့်ကိုယ်ကို ဘာဆိုတာ သိပေမယ့်လည်း ဖြတ်သန်းလာခဲ့တဲ့ အခု အသက် ၂၃ နှစ်အထိ ကိုယ့်အဖြစ်ကို သိသာသွားစေနိုင်တဲ့ ဒီလို လုပ်ရပ်မျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါ ။
ခုမှ....အခုမှ....။
ဟူးးးးးးးးးး ။
ထိန်းစမ်း...ကဆုန်ပေါက်နေတဲ့ ဒီစိတ်ကို ။
အသက်ကို မှန်အောင် မနည်းရှူရင်း ကိုယ့်စိတ်ကို ငြိမ်အောင် ပြန်တည်နေရသည် ။ ငြိမ်သွားတော့မှ
" ဟာ...သွားပီ ၊ ငါ့မမ အားးးးးး သေပါတော့ "
လေဆိပ်ထဲရောက်တော့ ၅ နာရီပင် ထိုးတော့မည် ။ မမတော့ ရောက်နေလောက်ပြီ ။ သူ အမောတကောနဲ့ လိုက်ရှာသော်လည်း ပျာယာခတ်နေလို့လားမသိ ။ မမကို ရှာမတွေ့ ။
" ဟေး.....သာသာ "
ဟော ဒါ သူ့ကိုခေါ်တဲ့ မမအသံ။ အသံလာရာ ကမန်းကတန်း လှည့်ကြည့်မိတော့ ရွှေအိုရောင် ဆံနွယ်အခွေအလိပ်တွေနဲ့ အလှကြီးလှနေတဲ့ မမက သူ့အား ခပ်ထေ့ထေ့ပြုံးကြည့်နေပီး
လက်နှစ်ဖက်ကို ဘေးသို့ဆန့်ကားကာ ကြိုနေ၏ ။" မမ.... "
သူ ဝမ်းသာအားရ ကလေးတစ်ယောက်လို ပြေးကာ ဖက်မိတော့ မမက သူ့ကျောကို အသာပုတ်ရင်း
" ကြည့်စမ်း....ဘာမှလည်း ပြောင်းလဲမသွားပါလား သာသာ "
" မမကတော့ ပိုလှလာတယ် ၊ Facebook မှာ တင်ထားတဲ့ ပုံတွေထက် အပြင်မှာ ပိုလှနေတာ "
" မမက ပိုလှနေတယ်ပဲ ထားပါတော့ ၊ သာသာက ဘယ်လိုဖြစ်ပြီး တစ်ကိုယ်လုံး ပေကျံနေတာလဲ ၊ ဒါတွေကရော ဘာတွေပေနေတာလဲ ၊ သွေးတွေလား "
ဟာ...ဟုတ်သားပဲ ။ စိတ်နဲ့လူနဲ့ မကပ်ဘဲ ကားမောင်းထွက်လာခဲ့လိုက်တာ ဒေါက်တာပေးတဲ့ အင်္ကျီတောင် လဲမဝတ်ခဲ့ရ ။
" လမ်းမှာ accident အသေးစားလေးတစ်ခုကို ကူညီခဲ့ရလို့ မမ "
" ဒါနဲ့ပဲ ကျုပ်ကို အကြိုနောက်ကျတယ် ဆိုပါတော့ ၊ မဖြစ်ဘူး...မဖြစ်ဘူး ၊ ဒီကိစ္စကို ဘွားဘွားနဲ့ တိုင်ပစ်ရမယ် "
BẠN ĐANG ĐỌC
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Lãng mạn#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...