အပိုင်း - ၁ (Zawgyi + Unicode)

58.2K 3.8K 79
                                    

#For Zawgyi

" ဒေါက်...ဒေါက်...ဒေါက် "

တံခါးခေါက်သံကြောင့် နာရီလှမ်းကြည့်မိတော့ မနက် ၇ နာရီခွဲ..။

" သားငယ်...နိုးပြီလား "

" ဗျာ...ဟုတ်...နိုးပြီ မေမေ "

" အေး နိုးရင် အောက်ဆင်းခဲ့ဦး သားရေ ၊ မေမေ breakfast ဝိုင်းက စောင့်နေမယ် "

" ဟုတ်ကဲ့ ဟုတ်ကဲ့ မေမေ "

သူဆင်းလာတော့ ဖေဖေ နှင့် မေမေ က ထမင်းစားပွဲမှာ မနက်စာစားနှင့်နေပြီ ။ သူ့ကိုမြင်တော့ မေမေက ပြုံးရင်း

" မနော်ရေ...သားငယ်လေး စားဖို့ ပြင်ပါဦး "

" မေမေ သားကို ပြောစရာများ ရှိလို့လား "

ဖေဖေရော မေမေရော ပြုံးနေပုံထောက်တော့ ဝမ်းသာစရာကိစ္စတစ်ခုခု ရှိနေပြီဆိုတာ သူမှန်းဆမိလိုက်သည် ။

" ပြောစရာကတော့ သားမမ ဒီနေ့ညနေ ပြန်ရောက်မယ်တဲ့ သားရေ..."

" ဟင် တကယ်လား မေမေ ၊ ညကတောင် messenger မှာ သားနဲ့ စကားနည်းနည်း ပြောဖြစ်သေးတယ် ၊ သားကို ဘာမှလည်း မပြောဘူး "

" မေမေတို့တောင် ဒီမနက်မှ သူလေဆိပ်သွားဖို့ ပြင်နေပြီ..ပြန်လာတော့မယ် ဆိုပြီး ဖုန်းဆက်လို့ သိရတာပါ သားရယ် ၊ မင်းမမကတော့ ထုံးစံမပျက်လေး သူလုပ်ချင်ရာ လုပ်လိုက်ရမှ "

မကျေနပ်သလိုလေးပြောလိုက်ပေမယ့် မေမေရော ဖေဖေရော ပျော်နေတာ သိသိသာသာပင် ။
သူလည်း ပျော်တာပါပဲ ။ မမ နဲ့ ခွဲနေရတာ ၂ နှစ်ကျော်ပြီလေ ။

မမက ဒီမှာ အင်ဂျင်နီယာဘွဲ့နဲ့ကျောင်းပြီးထားရုံတင် အားမရလို့ စင်ကာပူမှာ Diploma ယူဖို့ ထွက်သွားခဲ့သည် ။

Diploma ရပြီးနောက်မှာလည်း လေ့လာစရာလေးတွေ ရှိသေးလို့ဟုဆိုကာ ပြန်မလာခဲ့ပေ ။
ယခုတော့ ဘာစိတ်ကူးပေါက်ပြန်ပြီမသိ ။

မမက သူ့လိုမဟုတ်...။
သွက်လက်တယ် ၊ ထက်မြက်တယ် ၊ လှတယ် ။
ဟုတ်တယ်...မမက လင်းထင်ဖြာ ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သိပ်လှတဲ့ မိန်းကလေး....။

သူနဲ့မောင်နှမအရင်းတွေဆိုပေမယ့် ရုပ်ဆင်းအင်္ဂါရော ၊ စိတ်နေစိတ်ထား အကျင့်စရိုက်ရော သီးခြားစီပင် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now