အပိုင်း - ၃၀ ( Zawgyi + Unicode )

23.7K 2.4K 81
                                    

#For Zawgyi

အိပ်ရာနိုးလာချိန်မှာ အကို့ရင်ခွင်ထဲမှမထွက်ဘဲ အိပ်ပျော်နေဆဲ အကို့မျက်နှာအား တစိမ့်စိမ့်ငေးကာ ကြည့်နေမိသည် ။

အတူတူရယ်လို့ စိတ်ကူးနဲ့တောင် မယဉ်ရက်ခဲ့တဲ့ ဒီလူသားက ကျွန်တော့်ချစ်သူ တဲ့ ။ အကိုဟာ ခုချိန်မှာ ကိုယ့်ချစ်သူပါလားလို့ တွေးလိုက်မိရုံနဲ့ကို ရင်တွင်းပီတိက တသိမ့်သိမ့် ။

ချစ်တဲ့စိတ်ကြောင့်ပေလားမသိ ။ အကို့အား ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့ကို မဝနိုင်ပေ ။ ကြည့်နေရင်းက တစ်ခါမှ မထိတွေ့ဖူးသည့် အကို့မျက်နှာ အစိတ်အပိုင်းတွေကို လက်နှင့်တို့ထိကြည့်ချင်လာမိသည် ။ အကို နိုးသွားမှာလည်း စိုးသဖြင့် သူ့မှာ ချီတုံချတုံ ။

မနေနိုင်တဲ့အဆုံး လက်ညှိုးလေးနဲ့ အကို့မေးရိုးတစ်လျှောက်ကို ဖွဖွလေး ပွတ်ဆွဲကြည့်မိတော့ လက်ဖျားကတစ်ဆင့် ရလာတဲ့ ခံစားမှုက ရင်တွင်းထိတိုင် တငြိမ့်ငြိမ့် ။

ထိုစဉ်မှာပဲ အကို့နှုတ်ခမ်းတို့က ပြုံးလာပြီး မျက်လုံးအစုံကလည်း ဖျတ်ခနဲ ပွင့်လာကာ သူ့လက်အား ဖမ်းဆွဲထားလေသည် ။

သူလည်း သူခိုးလူမိသလိုဖြစ်ကာ အကိုဖမ်းဆုပ်ထားဆဲဖြစ်သော ကိုယ့်လက်ကိုယ် အတင်းပြန်ဆွဲရုန်းကန်မိတော့သည် ။

" အာ အကို့ လွှတ်နော် ၊ ကျွန်တော့်လက်ကို လွှတ်ပေး "

" ကိုယ်မသိအောင် တိတ်တိတ်လေး ကိုယ့်မျက်နှာကို လာကိုင်နေတဲ့ ကလေးပေါက်စကို ဒီတိုင်းလွှတ်ပေးစရာလား ၊ အပြစ်ပေးရမှာပေါ့ "

" အမ် ဘာအပြစ်ပေးမှာလဲ "

" ခုနက အခွင့်မရှိဘဲ ထိထားတဲ့နေရာကို အာဘွားပြန်ပေးရမယ် "

" အာ ဘာဆိုင်လို့လဲ ၊ မပေးနိုင်ပါဘူး "

သူလည်း ရှက်ကိုးရှက်ကန်းနဲ့ အတင်းရုန်းကာ ရေချိုးခန်းထဲ ပြေးဝင်ခဲ့တော့သည် ။ အကိုကတော့ ကုတင်ပေါ်မှာ သူ့အား ရယ်မောရင်း ကျန်ခဲ့လေသည် ။

ရေချိုးခန်းထဲအရောက်မှာတော့ ပိတ်ထားတဲ့တံခါးကို ကျောမှီကာ မတရားတွေ ခုန်လှုပ်နေတဲ့ ကိုယ့်ရင်ဘတ်ကိုယ် မနည်းဖိနေရ၏ ။ အကိုနဲ့အတူ နိုးထခွင့်ရတဲ့ ဒီလိုမနက်ခင်းတိုင်းကို အမြဲတမ်းသာ ပိုင်ဆိုင်ခွင့်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Dove le storie prendono vita. Scoprilo ora