အပိုင်း - ၃၉ ( Zawgyi + Unicode )

23K 2.2K 58
                                    

#For Zawgyi

သူ ရန်ကုန်ကို ပြန်လိုက်လာပြီးတဲ့နောက်မှာ အခြေအနေတွေက ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်းပဲ လည်ပတ်နေတော့သည် ။

ဖေဖေနှင့်မေမေကလည်း သူပြန်လာတာကို ဝမ်းပန်းတသာကြိုဆိုခဲ့ကြတာကလွဲလို့ တစ်ခြား မည်သည့်အကြောင်းအရာကိုမှ စကားစ,မလာ ။ အကိုနှင့်ကိစ္စကိုလည်း ယောင်၍မှမမေးဘဲ ထိုအကြောင်းကိစ္စကြီးကို ဘာမှမဖြစ်ခဲ့ကြသလိုပင် ပြုမူနေကြသည် ။

ဘွားဘွားက တစ်ခုခုများ ဆိုးဆိုးဝါးဝါးပြောလာမလားလို့ အနည်းငယ်ကြောက်ပြီး စိုးရိမ်ခဲ့ပေမယ့် သူ အိမ်ပြန်ရောက်ပြီးကတည်းက ဘွားဘွားနှင့် တစ်ခါမျှ မျက်နှာချင်းမဆိုင်မိကြတော့ချေ ။ ဘွားဘွားကလည်း အိမ်ကိုလာတဲ့အခါ တတ်နိုင်သလောက် သူမရှိလောက်တဲ့အချိန်တွေကိုသာ ရွေးပြီးလာပုံရလေသည် ။

စိတ်တော့မကောင်းပေမယ့်လည်း ဘွားဘွားစိတ်တိုင်းကျ နေမပေးနိုင်တဲ့ဘဝမှာ ဒီလိုပဲ နေကြတာက ပိုကောင်းပါတယ်လို့ပဲ အကောင်းဘက်က ရှာကြံတွေးရတော့သည် ။

အရင်လို အကို့ဆေးခန်းမှာ ကူပြီးထိုင်ပေးဖြစ်ပေမယ့် အကို့မေမေကို မျက်နှာပူတာကြောင့် အကို့အိမ်ကိုတော့ လိုက်မသွားရဲတော့ပေ ။ အကိုက သူ့မေမေရဲ့ သဘောထားနှင့်ပတ်သက်ပြီး ဘာမှပြောမလာခဲ့ပေမယ့် သူတို့ကိစ္စကို သဘောမတူမှန်းတော့ သူရိပ်မိခဲ့ပါသည် ။

သူကလည်း သဘောတူဖို့လောက်အထိ မမျှော်လင့်ပါ ။ အပြင်းအထန်ကြီး ကန့်ကွက်တားဆီးတာမျိုးမလုပ်လျှင်ဘဲ သူ့အနေနဲ့ ကျေးဇူးတင်နေရပါပြီ ။ Singapore မှာရှိတဲ့ အကို့ဖေဖေကတော့ နိုင်ငံခြားမှာ အနေကြာသူမို့လားမသိ ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ခါးခါးသီးသီးဖြစ်တာမျိုးမရှိ ။ ပေါ့ပေါ့ပါးပါးပုံစံနှင့်ပင် နားလည်ပေးလာသည် ။

ထူးခြားတာကတော့ မမရော ဖေဖေနဲ့မေမေပါ သူ့ကို အရင်ကထက်ပိုပြီး ဂရုစိုက်လာခြင်းပင် ။ မုန်တိုင်းပြီးနောက် လေပြေလာတယ်လို့ပဲ ပြောရမလားပေါ့နော် ။

သူ ပထမဆုံးထွက်တဲ့စာအုပ်လေးက မထင်မှတ်ဘဲ အောင်မြင်သွားတော့ ဦးမောင်နဲ့အကို့ရဲ့ တိုက်တွန်းမှုကြောင့်ရော သူကိုယ်တိုင် အနည်းငယ် ယုံကြည်မှုရှိလာတာကြောင့်ရော ဒုတိယတစ်အုပ်ထုတ်ဖို့ စီစဉ်နေဖြစ်သည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Donde viven las historias. Descúbrelo ahora