ချယ်ရီပန်းတို့ အပြိုင်အဆိုင် ဖူးပွင့်လျက်ရှိသော လမ်းသွယ်လေး တစ်ခုအတွင်း စစ်သူကြီး မြင်းကို ဒုန်းဆိုင်းကာ စီးနှင်းလာခဲ့သည်...
စစ်သူကြီး. စီးနှင်းလာခဲ့သော လမ်းမတစ်လျောက် ဖုန်လုံးတို့ တစ်လိပ်လိပ်နှင့်.... စစ်သူကြီးရဲ့ မျက်နှာမှာ တစ်ခုခုကို စိုးရိမ်နေသလို...
မှောင်မဲနေတဲ့ ဂူတစ်ခု အရှေ့ကို ရောက်ချိန် မြင်းကို ရပ်လိုက်ကာ ဂူအတွင်းကို အပြေးအလွှားဝင်ခဲ့လေသည်..
ဂူအတွင်းတွင်တော့ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ကောင်လေးက ကျောက်ဖျာတစ်ခုပေါ် လှဲအိပ်နေပြီး ဘေးနားတွင်တော့ ရှည်လျားလှတဲ့ ဆံပင်အဖြူရောင်တို့ကို ကျောထက်တွင် ချထားကာ အိပ်နေတဲ့ ကောင်လေးကို စိုးရိမ်တဲ့ စိတ်နဲ့ ကြည့်နေသည့် ကောင်လေးတစ်ယောက်တို့ ရှိနေသည်
"မင်းသားလေ... မင်းသားလေး ဘယ်လိုဖြစ်တာလဲ"
စစ်သူကြီးက ကျောက်ဖျာပေါ် လှဲအိပ်နေတဲ့ကောင်လေးကို အပြေးအလွှား မေးမြန်နေသည်.. ကျောက်ဖျာပေါ်က ကောင်လေးက မျက်လုံးလေးတို့ လှုပ်ကာ ဖြည်းဖြည်းချင်း ပွင့်လာသည်...
"ကျွန်တော့်ကို တွေ့သွားကြပြီ .. အနောက်ကနေ လိုက်လာတာ"
မင်းသားလေးက အားမရှိတဲ့ လက်တွေရဲ့ သူ့ရဲ့ ဝတ်ရုံအောက်ကို လှန်ပြလိုက်တော့ လက်မောင်းမှာ အစင်းကြီး၃စင်းရှိနေသည်... အဆိပ်တွေကြောင့် ဒဏ်ရာတစ်ခုလုံး ခရမ်းရောင်ပင် ပြောင်းနေသည်...
"မင်းတစ်ယောက်လုံး ဘေးမှာရှိနေတာကို ဘယ်လိုဖြစ်တာလဲ"
စစ်သူကြီးက ဒေါသထွက်စွာ ဘေးနားက ထိုင်နေတဲ့ ဆံပင်ဖြူနဲ့ကောင်လေးကို ဓားနဲ့ လည်ပင်းကို ရွယ်လိုက်သည်...
"ကျွန်တော့်ကြောင့်ပါ တောင်းပန်ပါတယ် ကျွန်တော့်ကို သတ်လိုက်ပါ"
ဆံပင်ဖြူနဲ့ကောင်လေးက ခေါင်းကိုငုံ့ပေးကာ သူ့ကို သတ်ဖို့ ပြောလာသည်... စစ်သူကြီးရဲ့ ဓားကလဲ လေထဲကို မြောက်တက်သွားသည်...
"မလုပ်နဲ့....... "
Jimin အသံကုန် အော်ဟစ်ကာ အိပ်ရာမှ နိုးလာခဲ့သည်..