"မင်း.. မင်းသားလေး ဟုတ်တယ်မလား"
သစ်ပင်ရဲ့ကိုင်းပေါ်ကနေ ပြုတ်ကျတော့မယ့် Jimin လက်ကို လှမ်းဆွဲထားတဲ့ ထိုကောင်လေးရဲ့ လက်ကိုက တုန်လာတာကို Jimin သတိထားမိသည်.. ကောင်လေးရဲ့ မျက်လုံးစိမ်းစိမ်းတို့က ဆွေးရိပ်သန်းနေသလို
ကောင်လေးရဲ့ လက်တွေက တုန်နေတာမို့ မတော်တဆ လွတ်ကျသွားမှာဆိုးတာကြောင့် Jimin လှမ်းသတိပေးလိုက်သည်...
"အ.. အရင်ဆုံး.. အောက်.. အောက်ကို ချပေးပါလား"
သူပြောလိုက်မှ.. ကောင်လေးက သူ့ကို အရင် သစ်ကိုင်းပေါ်ရောက်အောင် ဆွဲတင်လိုက်ပြီး ပွေ့ချီလိုက်တာမို့ Jimin လန့်သွားကာ လက်နှစ်ဖက်က ထိုကောင်လေးရဲ့ အင်္ကျီစတို့ကို ဆွဲဆုပ်ထားပြီးသား ဖြစ်သွားသည်...
"ကိုင်ထားပါ မင်းသားလေး... "
ကောင်လေးက စကားပြောအပြီးမှာ သစ်ပင်ပေါ်ကနေ ခုန်ချလိုက်သည်... Jimin ဝုန်းကနဲ ပြုတ်ကျသွားမည် အထင်နှင့် မျက်စိတို့ကို စုံမှိတ်ထားပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ လေထဲမှာ လွင့်နေတဲ့ ငှက်မွှေးလေးတစ်ခုလို
မျက်လုံးဖွင့်ကြည့်တော့ သူမြေပြင်ပေါ်တွင်ပင် ရောက်နေလေပြီ.. ကောင်လေးက သူ့ကို ပွေ့ချီထားရာမှ နီးစပ်ရာ ကျောက်တုံးတစ်ခုပေါ် တင်ပေးလိုက်သည်....
ကျောက်တုံးပေါ်ထိုင်နေတဲ့ သူ့ရှေ့ကို ရုတ်တစ်ရက် ထိုင်ချကာ ရှေးခေတ်ကလူတွေ ရာထူးကြီးတဲ့လူတွေကို အရိုသေပေးသလို လေးဘက်ထောက်ချလိုက်တာမို့ Jimin မှာ ဆင်းပဲပြေးရမလိုလို နေရခက်သွားသည်
"ဘာ... ဘာလုပ်တာလဲ"
"ကျွန်တော်မျိုး တောင်းပန်ပါတယ် မင်းသားလေး.. မင်းသားလေးကို ဒဏ်ရာ မရအောင် မကာကွယ်နိင်ခဲ့ဘူး တောင်းပန်ပါတယ် မင်းသားလေး"
"ကျွန်တော်က မင်းသားလေး မဟုတ်ပါဘူး.. မှားနေပြီထင်တယ်"
"မမှားပါဘူး ကျွန်တော် မင်းသားလေးကို မှတ်မိပါတယ်"
"ခုခေတ်မှ မင်းသားတွေ ဘုရင်တွေမရှိတော့ဘူး.. သမ္မတပဲ ရှိတော့တယ်"