Kim တစ်ယောက် အရဲစွန့်ကာ နန်းတော်ထဲကနေ ခိုးထွက်ပြီး မင်းသားလေး ပြောနေကြ Yoon Gi ဆိုတဲ့ လူကို ရှာနေမိသည်...
သွားတဲ့လမ်းကတော့ မင်းသားလေး တစ်ခါနှစ်ခါ ပြောပြဖူးတာမို့ စမ်းတစ်ဝါးဝါးနှင့်သာ တောထဲ တစ်လည်လည် ဖြစ်နေသည်...
တကယ်တန်း Kim က Yoon Gi တို့ အိမ်နားမှာပင် ဖြစ်သည်... အိမ်ကို အစီရင်တွေနဲ့ ကာထားတာမို့ မမြင်ရတာ ဖြစ်သည်...
Yoon Gi သစ်ပင်ပေါ်ကနေ Kim ကို ကြည့်နေတာ ကြာပြီ ဖြစ်သည်... အိမ်နားပဲ ဝဲနေတာမို့ သံသယဖြစ်လာတာနဲ့ လက်ထဲက ဓားကိုထုတ်ကာ သစ်ပင်ပေါ်က ခုန်ဆင်းပြီး လည်ပင်းကို ဓားနဲ့ချိန် လိုက်သည်
Kim မှာလဲ ရုတ်တရက် သရဲပေါ်သလို ပေါ်လာပြီး လည်ပင်းကို ဓားနဲ့ချိန်ထားခံရတာကြောင့် ဒူးချင်းတောင် ရိုက်မိကုန်သည်....
"မင်း.... မင်းက... Jimin ရဲ့ အထိန်းတော်? "
သူ့မျက်နှာကို စေ့စေ့ကြည့်ပြီးမှ မှတ်မိသွားဟန်နှင့် ဓားကို ဓားအိမ်တွင်း ပြန်သိမ်းလိုက်သည်.... သူ့မှာတော့ ခုထိ ဒူးတွေတုန်ပြီး ပြောမယ့် စကားတောင် မနည်းအားယူလိုက်ရသည်...
"ခင်များ နန်းတော်ထဲ လိုက်ခဲ့မှ ဖြစ်မယ်"
"ဘာလို့လဲ..? "
"မင်းသားလေးကို မင်းကြီးက အကျဉ်းထောင်ကို ပို့လိုက်ပြီ"
"ဘာ....!! ဘယ်လိုဖြစ်တာလဲ"
Kim လဲ ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်တော့ Yoon Gi က မြေပြင်ပေါ် ဒူးထောက်ချကာ ငိုသည်.....
"ငါ့အမှားတွေ... Jimin ငါနဲ့အတူ လိုက်ခဲ့မယ် ပြောတုန်း ခေါ်ခဲ့ရမှာ... ခုတော့.. "
"မင်းသားလေးက စုန်းလို့ အစွပ်စွဲခံရတာမို့ မြို့လယ်မှာ မီးရှို့ပြီး သတ်ခံရနိုင်ချေများတာကြောင့် ကျေးဇူးပြုပြီး ကယ်တင်ပေးပါ"
Kim လဲ Yoon Gi ရှေ့မှာ ဒူးထောက်ပြီး ထိုင်ချကာ တောင်းဆိုလိုက်သည်.. ခုချိန်မှာ သူ့အတွက် အားကိုးရာ Yoon Gi တစ်ယောက်ထဲ ရှိတော့တာမလား...
"အခု Jimin ကို ငါတွေ့ချင်တယ်"
Yoon Gi ရဲ့ တောင်းဆိုမှူကြောင့် Kim လဲ နန်းတော်တွင်းကို Yoon Gi ကို ခေါ်လာခဲ့သည်..