P-12

1.4K 189 5
                                    

အိပ်ယာက နိုးနိုးလာချင်း ခေါင်းတွေကိုက်နေတာမို့ ကုတင်ပေါ်က မဆင်းပဲ ငုတ်တုတ်ထိုင်ကာ... ခေါင်းကို ဖိထားမိသည်... 

မနေ့ညက ဘာတွေဖြစ်ခဲ့လဲ သတိမရ....  ပြန်တွေ့ကြည့်လဲ ထောင်နေတဲ့ ပုလင်းစိမ်းလေးတွေသာ မြင်နေရသည်....

"ဂျောက်.. "

ရေချိုးခန်းတံခါး ဖွင့်သံနှင့်အတူ ရေချိုးခန်းထဲက ထွက်လာတဲ့ Jimin...  သူပြုံးပြလိုက်ပေမယ့် မျက်စောင်းထိုးကာ ဗီဒိုကို ဖွင့်ပြီး အဝတ်စားရွေးနေသည်... 

သူဘာအပြစ်များ လုပ်မိလို့လဲ...  တွေးကြည့်တော့ ရေးရေးလေးပေါ်လာတာက သူ့ကို နီရဲနေတဲ့ မျက်နှာလေးနဲ့ မော့ကြည့်နေတဲ့ Jimin... 

မဟုတ်မှ လွဲရော...  သူ စည်းများ ကျော်မိသွားတာလား.. 

သူ့ကိုယ်သူလဲ ငုံကြည့်တော့ အဝတ်စားတွေက အသစ်တွေ..  အိပ်ယာခင်းလဲ လဲထားသေးတယ်..  သူတွေးတာ မှန်နေပြီ နေမှာ... 

"Jimin...."

"ဘာလဲ... ရေမြန်မြန်ချိုးတော့သွား ညစ်ပတ်နေတယ်"

ဘောက်ဆတ်ဆတ်နဲ့ သူ့ကို ပြောကာ အခန်းထဲက ထွက်သွားသည်...  တစ်ချက်တောင် လှည့်မကြည့်..  သူ အခွင့်ကောင်းယူလိုက်သလို ဖြစ်သွားတာမို့ စိတ်ဆိုးသွားတာနေမယ်.. ...

ရေမြန်မြန်ချိုးကာ အဝတ်စားလဲပြီး ထွက်လာတော့ Jimin က မနက်စာပင်စားနေသည်...  သူ ရှေ့မှာ ဝင်ထိုင်တဲ့ထိ သူ့ကို မော့မကြည့်ပဲ ဖုန်းကိုသာ သဲကြီးမဲကြီး ကြည့်နေသည်.. 

"Jimin...  ကိုယ်မနေ့ညက.. လွန်သွားတယ်ထင်တယ်"

"ဟင်း..  လွန်သွားတယ်ထင်တယ်လို့ ပြောရမှာ မဟုတ်ဘူး လွန်သွားတယ်လို့ကို ပြောရမှာ..  နောက်ခါ ဆိုဂျူလဲ မသောက်နဲ့ မတ်ဂျူလဲ မသောက်နဲ့"

"ကိုယ်...  တောင်းပန်ပါတယ်...  အာ့ကိစ္စကို ကိုယ်တာဝန်ယူမှာပါ"

သူ့စကားကြောင့် Jimin က မျက်လုံးလေးပင့်ကာ ကြည့်သည်... 

"ဘယ်ကိစ္စ!? "

"ဟို...  မနေ့ညက .... ကိုယ်... Jimin ကို"

"ဆက်ပြောလေ"

"ဟွာပြုခဲ့တာကို ကိုယ်တာဝန်ယူမှာပါ"

သူပြောတာ အစပိုင်း Jimin က နားမလည်... စဉ်းစားနေမိသည်..  နောက်မှ မျက်လုံးကြီးပြူးလာကာ

My White Cat (Yoonmin) {Unicoad ver}Where stories live. Discover now