Jimin တစ်ယောက် မနေ့က Yoon Gi ဆီကနေ ပြန်လာပြီးနောက်မှာ... မယ်တော်ရဲ့ အဆူခံ တော်တော်ထိလိုက်သည်.. စာမသင်ပဲ လစ်ပြေးတာ မယ်တော်သိသွားတာမို့ နောက်ရက်တွေ အပြင်ထွက်ဖို့ရာ နည်းနည်းခက်သွားလို့ စိတ်ညစ်နေမိသည်...
စိတ်ညစ်ညစ်နဲ့ နန်းတော်ရဲ့ ဥယျာဉ်တော်ထဲက ချယ်ရီပင်ကြီး အောက်မှာ ငုတ်တုတ်ထိုင်ကာ မြေကြီးပေါ်ကို တုတ်တစ်ချောင်းနဲ့ ရေးခြစ်နေမိသည်....
"ဘယ်သူများလဲလို့... အိမ်ရှေ့စံလေးပဲ"
ခေါင်းမော့ကြည့်လိုက်တော့ မိဖုရားခေါင်ကြီးနဲ့ အတူ သူ့ရဲ့ ညီတစ်ဖြစ်လဲ မိဖုရားခေါင်ကြီးရဲ့ သားတော် Lee Sum
ဘာကြောင့်ရယ်မသိ... သူ Lee Sum ရဲ့ မျက်လုံးတွေ သူမကြိုက်ပါ... မကောင်းတဲ့ အငွေ့သက်တွေ ဖုံးလွှမ်းနေသလို .....
"မယ်မယ်ဖုရား ..... "
Jimin ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်... မယ်တော်ကြီးကတော့ ပြုံးထေ့ထေ့ဖြင့် ကြည့်ကာ
"အိမ်ရှေ့စံလေးက ယဉ်ကျေးမှူရှိသားပဲ.. ဒါပေမယ့် တိုင်းပြည်ရဲ့ ဖခင်ဖြစ်လာတဲ့သူက ဘာလို့ ဒီလို အချိန်ဖြုန်းနေတာလဲ စာပေတွေ သွားလေ့လာနေရမှာ မဟုတ်ဘူးလား"
"စိုးထိတ်မိပါတယ် မယ်မယ်ဖုရား.. ခနတာ လေညှင်းခံဖို့ ထွက်လာမိတာပါ... သွားခွင့်ပြုပါ မယ်မယ်ဖုရား.. "
Jimin အရိုအသေးပေးကာ.. မိဖုရားကြီးနားက ထွက်လာခဲ့လိုက်သည်... Jimin.. Lee Sum နား အဖြတ် လေတစ်ချက် ဝေ့တိုက်လိုက်တော့ Lee Sum ရဲ့ ခေါင်း ဆတ်ခနဲ ထောင်လာတာ မျက်လုံးထဲလဲ အရောင်တစ်မျိုး ဖြတ်ပြေးသွားသည်...
အမျိုးအမည် မပေါ်သော အပြုံးတစ်ခု ပြုံးလိုက်ကာ..
"မယ်မယ်ဖုရား... သားတော်အတွက် သားကောင်တွေ့ပြီ ထင်တယ်"
္ဂLee Sum ရဲ့ စကားကြောင့် မိဖုရားကြီး အံ့ဩဟန်ပြုသွား ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်...
"ပို အဆင်ပြေသွားတာပေါ့... တစ်ချက်ခုတ် နှစ်ချက်ပျက်ပဲ"
တောထဲ တစ်နေရာက Yoon Gi တို့ရဲ့ အိမ်ကလေးဟာတော့ ဆေးဖော်နေရင်း သားဖနှစ်ယောက် အလုပ်ရှုပ်နေလေသည်....