"အား..... "
လည်ချောင်းကွဲမတတ်အော်ကာ နားနှစ်ဖက်ကို ပိတ်ထားမိပြီး ကုတင်ပေါ်ကို ငုတ်တုတ်ထိုင်မိသည်... ဘေးမှာ အိပ်နေတဲ့ Hyung ကလဲ သူ့အော်သံကြောင့်ထင်... ပျာသလဲလဲ ထာလာကာ သူ့ကို ရင်ခွင်ထဲ ထည့်ဖက်ထားသည်...
"ဘာဖြစ်တာလဲ..!? Jimin... ဘာဖြစ်တာလဲ"
"Hyung... ကျွန်တော် ကြောက်တယ်... ဟင့် ဟင့်"
"ဘာဖြစ်လို့လဲ... ကိုယ့်ကိုပြောလေ"
"အိမ်မက်ဆိုး... အိမ်မက်ဆိုး မက်တယ်.. ဟင့် အင့်"
Hyung ကို ခါးကို ပိုတိုးကာ တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ငိုနေမိသည်.. အိမ်မက်ထဲမှာ Lee Sum ရဲ့ ပုတ်ပွနေတဲ့ မျက်နှာကြီးက အထင်းသား... သူ့ရဲ့ နှလုံးသားကို အစိမ်းလိုက် ဆွဲထုတ်ကာ စားနေပုံက တကယ်ကို ရွံစရာ အတိပင်...
"ဘယ်လို အိမ်မက်မျိုးမို့ ဒီလောက်တောင် ကြောက်နေရတာလဲကွာ... Jimin ဘေးမှာ Hyung ရှိနေမယ်လေကွာ နော်... မငိုနဲ့တော့ တိတ်တိတ်.. လာ ကိုယ်ဖက်ထားပေးမယ် မကြောက်နဲ့"
Hyung က သူ့လက်မောင်းပေါ် ခေါင်းအုန်းစေပြီး စောင်ကို ရင်ဘတ်နားထိ ရောက်အောင် ဆွဲတင်ပေးလိုက်သည်... ပြီးတော့ သူ့ကို တင်းတင်း ကျပ်ကျပ် ဖက်ထားပေးကာ ကျောကို ပွတ်သပ်ပေးနေသည်
ငိုတာရပ်ပြီး မကြောက်တော့ ပေမယ့် လူက အိပ်မပျော်ဖြစ်နေတာမို့ ဟိုဘက် ဒီဘက် လှိမ့်နေမိသည်...
"Jimin အိပ်မပျော်တော့ဘူးလား? "
"ဟုတ်တယ် Hyung.. ကျွန်တော် အိပ်မပျော်တော့ဘူး"
"ဒါဆို အိပ်ပျော်အောင် ဘာလုပ်ပေးရမလဲ? "
"စကားပြောကြရအောင်လေ... Hyung မှာ ဖြစ်ချင်တဲ့ ဆန္ဒရှိလား? "
"ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒဆိုတာက.. Appa ရှိတုန်းက Appa လို နတ်ဆေးဆရာ ဖြစ်ချင်ခဲ့တာ.. ခုတော့ Jimin နဲ့ တစ်သက်လုံး တူတူနေချင်တယ်"
"Hyung ဆန္ဒတွေက ပြည့်ဝသွားပါပြီ ... ဘာလို့ဆို ကျွန်တော်က Hyung နှင်ထုတ်တောင်.. တွယ်ကပ်နေမှာ"
"ဟဟ... ဟုတ်ပါပြီ... Jimin ရဲ့ ဆန္ဒရော.. တစ်ခုခု ဖြစ်ချင်တာများ မရှိဘူးလား"