P-17

1.2K 176 5
                                    

အခန်းငယ်ထဲ အမွှေးတိုင်နံ့တို့က ထုံမွှန်းနေတာမို့ Yoon Gi ချောင်းတောင် ဆိုးမိတော့မလို့ပင်... 

"မင်းဘာလာလုပ်တာလဲ"

သူ့ကို ကျောပေးထားရာမှ လှည့်မကြည့်ပဲ မေးလိုက်တဲ့ မိန်းမကြီးကြောင့် သူ့နောက်မှာ ရပ်နေတဲ့ Tae Hyung က လန့်သွားကာ သူ့အင်္ကျီစကို ဆွဲကိုင်လာသည်... 

"ကျွန်တော် အကူညီတောင်းစရာရှိလို့ပါ"

"ဘာများလဲ!? "

"မကောင်းဆိုးဝါးတစ်ကောင်က..  ကျွန်တော့်ချစ်သူကို စားဖို့ ကြံစည်နေတယ်...  ကျွန်တော် သူ့ကို ဘယ်လို သတ်ရမလဲ"

"မင်းလဲ မကောင်းဆိုးဝါးတစ်မျိုးပဲလေ..!?  အချင်းချင်း သတ်ကြမလို့လား!? "

"ကျွန်တော် ဘာလဲဆိုတာ ကျွန်တော် သိပြီးသားပါ..  အခုက အသက်နဲ့ ဆိုင်နေတာမို့ ကျွန်တော့်ကို ပြောပြပေးပါ.. ခင်များက မကောင်းဆိုးဝါးတွေ နှိမ်နင်းနဲ့ နေရာမှာ အတော်ဆုံး နတ်ဝင်သည်ဆိုလို့ အားကိုး တစ်ကြီး လာခဲ့တာပါ..  အကူညီပေးနိုင်ဖို့ မျော်လင့်ပါတယ်"

သူ့စကား အဆုံးမှာ သူ့ဖက်ကို လှည့်လာပြီး မိန်းမကြီးက ပြုံးပြသည်... 

"နည်းလမ်းရှာကြည့်တာပေါ့..... "

Jimin အလုပ်ကပြန်ဖို့ ဆိုင်ရှေ့ထွက်လာတော့ မီးတိုင်အောက်မှာ ဘောင်းဘီအိတ်ထဲ လက်လေးနှစ်ဖက်ထည့်ကာ ရီပြနေတဲ့ Hyung ကို တွေ့လိုက်ရသည်... 

"Hyung........ "

သူ ကလေးလေးတစ်ယောက်လို Hyung ကို ပြေးကာဖက်လိုက်သည်..  Hyung ကလဲ သူ့ကို ပြန်ဖက်ကာ ခေါင်းပေါ်ကို မေးလေးနဲ့ ပွတ်နေသည်..  ဒီလိုလုပ်တာ Hyung စိတ်ပူစရာ တစ်ခုခုရှိနေမှ.. 

"Hyung....   အဆင်ပြေရဲ့လားဟင်.. "

"ပြေပါတယ်...  နည်းနည်း ပင်ပန်းသလို ဖြစ်နေလို့"

"ဟုတ်လား အာ့ဆို အိမ်ပြန်ကြရအောင်လေ.. "

အိမ်ပြန်လမ်းတစ်လျောက်လဲ Hyung က ဘာစကားမှ သိပ်မပြောပဲ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူ့ကို တစ်ချိန်လုံးကြည့်နေသည်...  သူပြန်ကြည့်လျင်..  သွားသေးသေးလေးတွေ ပေါ်အောင်ထိ ရီပြနေသည်.. 

My White Cat (Yoonmin) {Unicoad ver}Where stories live. Discover now