"Jimin... ကိုယ်ဆံပင်တော့ မညှပ်လို့ မရဘူးလား"
သနားစရာ မျက်လုံးလေးတွေနဲ့ ထိုင်ခုံပေါ်ကနေ မော့ကြည့်နေတဲ့ Hyung ကို သူခေါင်းရမ်းပြလိုက်သည်..
"မရဘူး... ညှပ်ရမယ်.. Hyung ဆံပင်က မိန်းကလေး ထက်တောင် ရှည်နေတယ်... အမ ဆံပင်ရော ဆေးဆိုးလို့ ရမလား"
"ဆေးဆိုးလဲ အရောင်က ခံမှာမဟုတ်ဘူး မောင်လေးရဲ့ အကို့ဆံပင်က နဂိုအရောင်ကိုက အဖြူဆိုတော့လေ ဒီတိုင်းပဲ ထားလိုက်ပါ အကိုနဲ့ လိုက်ပါတယ်"
"ဟုတ်ကဲ့ပါ အာ့တာဆိုလဲ ဆံပင်ပဲ ညှပ်ပေးလိုက်ပါတော့"
ဆံပင်ညှပ်ပေးနေတုန်း Jimin တစ်ချိန်လုံးနောက်ကနေ ရပ်ကြည့်နေသည်.. မှန်ထဲကနေတစ်ဆင့် မြင်နေရတဲ့ ရံှူ့မဲ့နေတဲ့ မျက်နှာကို အနောက်ကနေ အသံတိတ် ခွီးနေမိသည်
"အကိုက မျက်ကပ်မှန်တပ်ထားတာလား"
"ဘာကြီး??? "
"Arr အာ့တာ သူ့နဂိုမျက်လုံး အရောင်ပါ"
ဆံပင်ညှပ်ပေးတဲ့ အမကြီး အပြောကို Yoon Gi က မျက်လုံးလေး ကလယ်ကလယ်နဲ့ စဉ်းစားနေသည်... အေးလေ ဂူထဲပဲ နေခဲ့ရတာ ဒါတွေ ဘယ်သိမှာလဲ.. သူကပဲ ကြားကနေ ဖြေပေးလိုက်ရသည်...
"အို... မိုက်တာပဲ.. သူများတွေတောင် မျက်လုံးအရောင်နဲ့ လိုချင်နေကြလို့ မျက်ကပ်မှန်ဝယ်တပ်နေရတာ.. အကိုက အသားအရည်ကလဲ အရမ်းလှတာပဲ.. ဆံပင်ကလဲ နဂိုတည်းက အဖြူရောင်ဆိုတော့ Foreigner များလား"
တော်တော်စကားများတဲ့ ဘွားတော်လို့ စိတ်ထဲကနေ ကျိန်ဆဲနေပေမယ့် အပြင်မှာတော့ ပြုံးပြုံးလေး ပြန်ဖြေပေးလိုက်သည်...
"မဟုတ်ပါဘူး သူက ရေမရောတဲ့ ကိုရီးယား စစ်ကြီးပါ"
သူပြောလိုက်တော့မှ ဟယ်ဟင်နဲ့ မပြီးနိုင် မစီးနိုင် ချီးကျူးနေတဲ့ ဘွားဒေါ်ကို အနောက်ကနေ ဆောင့်သာ ကန်ပစ်လိုက်ချင်သည်.... အရပ်မမှီလို့သာပေါ့
ဆံပင်ညှပ်ပြီးလို့ ပြန်တာတောင် အပေါက်ဝနားထိ မပြီးနိုင် မစီးနိုင် လိုက်ပြီး စကားပြောနေသေး.. ပြုံးထားရတာလဲ ပါးညောင်းလှပြီ...