P-18

1.3K 186 9
                                    

"D~~~~~D~~~~~"

ခုံမှာ တင်ထားတဲ့ ဖုန်းက vibration ကြောင့် Jimin အိပ်နေရာကနေ နိုးသွားသည်...  နာရီကို လှမ်းကြည့်လိုက်တော့ ည ၁၂နာရီ..  သန်းခေါင် အချိန်ကြီးကို ဘယ်သူများ ဖုန်းဆက်ပါလိမ့်... 

Contact name ကို ကြည့်မိတော့ Hae Lee Noona...  ဘာများဖြစ်လို့ပါလိမ့်... 

"Hello... "

အိပ်ပျော်နေတဲ့ Hyung နိုးမှာဆိုးလို့ ဖုန်းကိုလဲ အသံတိုးတိုးလေး ပြောလိုက်ကာ လက်တစ်ဖက်ကလဲ အဝတ်မပါတဲ့ Hyung ကို စောင်ကို ပုခုံးပေါ်ထိရောက်အောင် ဆွဲတင်ပေးလိုက်သည်... 

"ဟင့်...  အဟင့်... "

တစ်ဖက်က ငိုသံကြောငိ့ Jimin ပျာယာခတ်သွားသည်.. 

"Noona ဘာဖြစ်တာလဲ...  ကျွန်တော့်ကို ပြောလေ"

"Jimin ရယ်...  Noona ကို ကူညီပါနော်...  Noona ဒုက္ခရောက်နေတယ်..  Noona ဆီကိုလာခဲ့နိုင်မလား? "

"လာခဲ့မယ်Noona ဘာမှ မကြောက်နဲ့နော်...  ဘယ်နေရာမှာလဲ"

"ချယ်ရီပန်းတွေနဲ့ လမ်းက ..."

ဟင်...  Noona ပြောနေတာ...  Hyung ကို ပြန်ရှာတွေ့ခဲ့တဲ့ လမ်းပဲ မလား!?  သူ Hyung ကိုပါ နှိုးပြီး ခေါ်သွားဖို့ စိတ်ကူးလိုက်သည်... 

"တစ်ယောက်ထဲ လာခေါ်နော် Jimin...  "

Noona စကားကြောင့် သူ့စိတ်ထဲ တစ်မျိုးဖြစ်သွားသည်..  သူ့အတွေးကို သိနေသလို ခံစားရတာကြောင့် သူကြက်သီးများပင် ထလာသည်... 

"Noona ကိစ္စက လူသိခံလို့ မဖြစ်လို့ပါ..  မြန်မြန်လာခဲ့နော်...  Noona က တစ်ယောက်တည်း"

ပြောနေရင်း ဖုန်းလိုင်းက ပြတ်သွားတာမို့ သူပိုပြီး စိတ်ပူသွားမိသည်...  ဘယ်လိုနေနေ Noona က သူ့ကို အမြဲကောင်းပေးခဲ့တာမလား? Noona ကို စိတ်ပူတာနဲ့ ခါးအောက်ပိုင်းက နာကျင်မှူတွေတောင် ဘယ်ရောက်ကုန်မှန်းမသိတော့....

Hyung ကလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမို့ မနှိုးတော့ပဲ တွေ့ရာအဝတ်ကောက်စွပ်ပြီးသာ ထွက်လာခဲ့လိုက်သည်... 

ချယ်ရီပန်းတွေးကြား ပြေးလွှားနေရတာ..  တစ်ခုခု ထူးဆန်းနေသလိုပင်...  ချယ်ရီပန်းတွေက ဘာလို့ လေမတိုက်ပဲ ဆက်တိုက်ဆိုသလို ကြွေကျနေရတာလဲ.. 

My White Cat (Yoonmin) {Unicoad ver}Where stories live. Discover now