"Hyung.... ရေ မြန်မြန်လုပ်... ကျွန်တော် ကျောင်းနောက်ကျတော့မယ်... ပြီးရင် Hyung ကို Tae Hyung ဆီ ပို့ခဲ့ရအုန်းမှာ... Tae Hyung က ဒီနေ့ ဆိုင်စောစောခင်းမလို့ဆိုပြီး ထွက်သွားပြီ"
"လာပြီ လာပြီ.... "
အခန်းထဲကနေ ကို့ရိုးကားယား ပြေးထွက်လာတဲ့ Hyung ကြောင့် သူမျက်မှောင်ကျုံ့ပြီး ကြည့်မိသည်...
"Hyung.... ဒီနေ့ ဘာလို့ သပ်သပ်ရပ်ရပ်ဝတ်ထားတာလဲ"
"ဘယ်မှာ သပ်ရပ်လို့လဲ.... ပုံမှန်ပါပဲ"
"အင်း... အိုခေ အာ့ဆိုလဲ သွားကြရအောင်... "
နောက်ကျနေလို့သာ ထွက်လာခဲ့ရသည်... ခုထိ စိတ်ထဲမှာ မတင်မကျ... ဘယ်တုန်းကမှ ဒီလိုသန့်သန့်ပြန့်ပြန့် မဝတ်ဖူးတဲ့ Hyung က ထူးထူးခြားခြား ဝတ်ထားသည့်အပြင် မျက်နှာကလဲ ပြုံးစိစိဖြစ်နေသလို
သူပဲ စိတ်ထင်တာလား တကယ်ပဲ ပြုံးစိစိဖြစ်နေတာလားဆိုတာတော့ မပြောတတ်...
"Aww.... Hyung တို့ ရောက်လာကြပြီလား"
"Omm ... Hyung ကို စောင့်ရှောက်ပေးလို့ ကျေးဇူးပါ Tae Hyung ... မဟုတ်ရင် မနက်ပိုင်းကျောင်း ညနေပိုင်း အလုပ်နဲ့ အိမ်ကပ်ချိန် မရှိတော့ Hyung က တစ်ယောက်ထဲ"
"ရပါတယ်... ကျွန်တော်လဲ ဈေးရောင်းရင်းနဲ့ အဖော်ရတာပေါ့"
"သွားပြီနော် Hyung.... ကောင်းကောင်းနေခဲ့"
"အင်းပါ... ငါက မွေးကင်းစလား... အဖေက သူ့သား ကျောင်းပို့ထားတာ ကြနေတာပဲ သွား"
Hyung စကားကြောင့် သူရော Tae Hyung ရောပါ ရီမိကြသည်.... အသက်ကသာ ရာချီနေတာ ခုထိ ကလေးဆန်တုန်း....
Hyung... Tae Hyung အိမ်ကို ခိုးဝင်ပြီးနောက်ပိုင်း သူ tae Hyung ကို နေ့တိုင်း ညစာလာစားဖို့ ဖိတ်ရင်း ရင်းနှီးသည်ထက် ရင်းနှီးလာခဲ့သည်...
ခုဆို Tae Hyung ကို အခန်းကို ငှားထားတဲ့ စာချုပ်ပြည့်ရင် သူ့အခန်းလာနေဖို့ ပြောထားရသည်...
ကျောင်းရောက်တော့ သူဝါသနာပါတဲ့ Dance major ကို ယူထားတာမို့ မနက်ခင်းပိုင်း တစ်ခုလုံးကတော့ အကနဲ့သာ ဖြတ်သန်းရသည်...