P-13

1.3K 189 0
                                    

"ဟင်...  မင်း.. မင်း... "

"ကျွန်တော့်ကို သိလို့လားဗျ... "

ဆိုင်ပိုင်ရှင်ကောင်လေးက ပြူးတူးပြဲတဲနှင့် မေးရှာသည်..  အင်းလေ သူကလဲ အလန့်တစ်ကြား လုပ်မိတာကို... 

"sorry...  ငါသိတဲ့ လူတစ်ယောက်နဲ့ အရမ်းတူနေလို့"

"ဒါမျိုးက ဖြစ်တတ်ပါတယ်..... "

ပြုံးပြလိုက်တဲ့ လေးထောင့်ဆန်ဆန်အပြုံး ... ဟင့်အင် သူလူမှားတာ မဟုတ်သလို ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး... 

"Kim Tae Hyung!?? "

"Nae....  ကျွန်တော့်နာမည်ကို ဘယ်လိုသိတာလဲ"

ကောင်လေးက အံ့ဩတကြီး သူ့ကို မေးလာတော့ သူပြုံးပြရုံသာ... 

"ဒီလိုပါပဲ နေရထိုင်ရတာရော အဆင်ပြေရဲ့လား.. "

"ဟုတ်ကဲ့ အဆင်ပြေပါတယ်ခင်ဗျ...  ဒါနဲ့ အကို့နာမည်က?? "

"Aww...  Park Jimin ပါ"

"ကျွန်တော် အကို့ကို တစ်ခါမှ မမြင်ဖူးပေမယ့်..  ရင်းနှီးသလို ခံစားရတယ်.. ကျွန်တော် ပန်းသီး ၂လုံး ပိုထည့်ပေးထားတယ်..  နောက်လဲ လာအားပေးပေါ့"

"Omm...  သွားလိုက်အုန်းမယ်နော်"

"ကျေးဇူးတင်ပါတယ်ဗျ.... "

ကျေးဇူးတင်ပါတယ် Kim .. Arni...  Tae Hyung .. ဒီဘဝမှာ ပျော်ရွှင်နေပေးလို့.. 

"Jimin ဘာလို့ ငိုနေတာလဲ"

Yoon Gi ပြောမှ သူ့ပါးပေါ်မျက်ရည်တွေ ကျနေမှန်း သတိထားမိသည်.... 

"ဘာမှ မဟုတ်ပါဘူး Hyung ... ပြန်ရအောင်လေ..  "

တိုက်ခန်းရောက်ရောက်ခြင်း Yoon Gi က ဧည့်ခန်းထဲက ဆိုဖာပေါ် ပြေးကာ လူးလိမ့်နေသည်... 

"အာ့ဆိုဖာကို အရမ်းသဘောကျတာပဲလား!? "

ု"ဒါပေါ့ သက်တောင့်သက်သာ အရမ်းရှိတယ်"

Butterfly ~~~like a butterfly ~~

"Hello"

"ဟဲ့ Jimin အလုပ်ကို မြန်မြန်လာခဲ့တော့ ဆိုင်က လူအရမ်းကျနေပြီ...  နင်မလာသေးမှန်း သူဌေးသိရင် အလုတ်ပြုတ်နေမယ် မြန်မြန်လာ"

"nae.. Noona...  ကျွန်တော် အခုပဲ လာပြီ"

"ဘယ်လဲ?! "

My White Cat (Yoonmin) {Unicoad ver}Where stories live. Discover now