ဘုရားကျောင်းရဲ့ အခန်းငယ် တစ်ခုအတွင်းမှာ.. အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးနှစ်ယောက် စိတ်လှုပ်ရှားနေကြသည်..
"Jimin Hyung ... ကျွန်တော် ကြည့်ကောင်းရဲ့လား"
မှန်ကို အကြည့်မခွာပဲ မေးလာတဲ့ Tae Hyung ကို သူ ခပ်ပြုံးပြုံးလေး ကြည့်ပြီး ဖြေလိုက်သည်..
"ဒီနေ့ မင်းဒီနေ့ ကြည့်အကောင်းဆုံးပဲ"
သူ့စကားကြောင့် Tae Hyung ပြုံးသွားတာကို မှန်ထဲကနေ တစ်ဆင့်မြင်လိုက်ရသည်... Tae Hyung စိတ်လှုပ်ရှားနေတယ် ထင်ပါရဲ့... သူလည်း Tae Hyung နည်းတူပင်.. လူက ငိုချင်တာလိုလို ရီချင်တာလိုလိုနှင့်..
ငယ်ငယ်က မင်္ဂလာဆောင်ရင် ဆိုတဲ့ စိတ်ကူးမျိုး ခနခန ယဉ်ဖူးပေမယ့်... ခုလို ပွဲမျိုးမဟုတ်.. ချောလှတဲ့ မိန်းကလေးတစ်ယောက်နဲ့သာ စိတ်ကူးယဉ်ဖူးတာမို့ စိတ်တွေက အရမ်းကို လှုပ်ရှားနေသည်...
ချစ်ရတဲ့လူကို ပိုင်ဆိုင်ရလို့ ပျော်တာက တစ်မျိုး... ပတ်ဝန်းကျင်ကို စိုးရိမ်မိတဲ့ စိုးရိမ်စိတ်က တစ်မျိုး စိတ်ထဲ ဗြောင်းဆန်နေသည်... ဘာပဲ ဖြစ်ဖြစ်လေ.. သူတစ်သက်လုံး ကြည့်သွားရမှာ Hyung ရဲ့ မျက်နှာပဲ ပတ်ဝန်းကျင်ရဲ့ မျက်နှာမှ မဟုတ်တာ...
"နောက် ၅မိနစ်ဆို စတော့မှာမို့ ပြီးအောင် ပြင်ထားပေးပါနော်"
"Nae... "
သူတို့နှစ်ယောက်လုံး သတို့သားအရံ လာသတိပေးတာမို့ ပြင်ဆင်နေတာကို လက်စသတ်လိုက်ကြသည်...
"Jimin Hyung... ကျွန်တော် တစ်ခုခု လိုနေသလိုပဲ"
"မလိုပါဘူး ပြည့်စုံတယ် ... ရော့ ပန်းစည်း... မင်းဟာက အဝါမဟုတ်လား ရော့.... "
ဇိုးဇိုးဇွက်ဇွက်နဲ့ ပန်းစည်းကို လက်ထဲထည့်ကာ. Jimin ကတော့ အခန်းထဲက ထွက်သွားသည်.... Tae Hyung ကတော့ ဘာလိုလို့ လိုမှန်းမသိ စဉ်းစားနေတုန်းပင်...
ချိုသာလှတဲ့ မင်္ဂလာတေးသံက ခန်းမထဲ ပျံ့လွင့်လို့ နေပေသည်... Jimin နဲ့ Tae Hyung ကတော့ ပန်းစည်းကိုယ်စီကိုင်ကာ ခန်းမထဲကို ဘေးချင်းယှဉ်လျက် လျောက်လာကြသည်... သူတို့အနောက်မှာတော့ Jung Kook ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ Nam Joon နဲ့ Jin တို့က အရန်အဖြစ် လိုက်ပါလာကြသည်... ခန်းမထဲ ပျံ့လွင့်နေတဲ့ တေးသံကိုတော့ Jung Kook ရဲ့ မိတ်ဆွေ ဖြစ်သူ Ho Seok က တီးခတ်ပေးနေတာ ဖြစ်သည်...