ကိုက်ခဲနေတဲ့ ခေါင်းတစ်ခုလုံးကြောင့် ခေါင်းကို လက်နှစ်ဖက်နဲ့ ဖိကာ အိပ်ရာကနေ ထလိုက်သည်...
ခါတိုင်းသောက်နေကြ အတိုင်းပဲ သောက်ခဲ့တာကို ဘာလို့ လူက အင်အားမရှိသလို နုန်းချိနေမှန်း မသိ.. မနေ့ညကလဲ အမူးလွန်ပြီး ရူးကြောင်ကြောင် အိမ်မက်တွေ လျောက်မက်ခဲ့သေးသည်...
အိမ်မက်ထဲက ခေါင်းဖြူလေးနဲ့ တွေ့ပြီး တောထဲ လျောက်ပြေးခဲ့သေးတာ... ပြီးတော့ ဘယ်ကနေ ဘယ်လို ငယ်ဘဝကို ရောက်သွားမှန်းမသိ.. ထိုခေါင်းဖြူလေးနဲ့ သူက ရေကန်ဘေးမှာ စကားတွေပြော ရယ်မောခဲ့ကြသေးတာ
ခေါင်းကို ဘယ်ညာသာ ခါရမ်းလိုက်ပြီး အိပ်ယာမှ ထကာ ရေချိုးခန်းကို ဝင်ပြီး လန်းဆန်းသွားအောင် ခေါင်းတစ်ခုလုံး ဘေးစင်ထဲ နှစ်ပစ်လိုက်သည်. ...
"T... T.... T"
အခန်းရဲ့ ဘဲလ်သံကြောင့် တံခါးသွားဖွင့်တော့ ချိုင်းတစ်လုံး မြောက်ပြကာ ပြုံးပြနေတဲ့ Noona..
"Noona ဘာကိစ္စလဲ.... "
"မနေ့ညက မင်းဆိုဂျုတွေ အများကြီး သောက်သွားတယ်လေ အရက်နာကျနေမယ်မှန်းသိလို့.. လာပို့တာ ဟင်းရည်"
"ကျေးဇူးပဲ Noona... ဧည့်ခန်းထဲက ဆိုဖာပေါ်ကနေသာ စောင့်နေလိုက် ကျွန်တော် ခေါင်းရေသုတ်လိုက်အုန်းမယ်"
အခန်းထဲ ဝင်ကာ ခေါင်းသုတ်နေတုန်း ဧည့်ခန်းထဲကနေ Noona က လှမ်းပြောသည်..
"Jimin... မင်း ကြောင်တစ်ကောင် ထပ်မွေးထားတာလား"
Noona စကားကြောင့် သူတောင် ကြောင်သွားသည်..
"ကြောင်တစ်ကောင်... "
သူခေါင်းသုတ်ရက်နဲ့ပင် အခန်းထဲက ထွက်လာပြီး ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ ကြောင်ဖြူလေးတစ်ကောင်ကို တွေ့လိုက်သည်...
"ဒါ ကျွန်တော် မွေးထားတာ မဟုတ်ဘူး Noona"
သူတို့ စကားပြောသံတွေကြောင့်ထင် အိပ်နေတဲ့ ကြောင်လေးက မျက်စိဖွင့်ကာ နိုးလာသည်... ဒီမျက်လုံးစိမ်းတွေကို သူရင်းရင်းနှီးနှီး မြင်ဖူးနေသလို..