Extra - 1

1.4K 183 16
                                    

"Hyung.... မြန်မြန်.. မြန်မြန်လုပ် မရပ်နဲ့နော် Hyung... "

အခန်းထဲက အသံများကြောင့် ဧည့်ခန်းထဲမှာ ဖိတ်စာတွေကို စီနေတဲ့ Tae Hyung တစ်ယောက် ခေါင်းထောင်သွားသည်....

မင်္ဂလာဆောင်မှာက သူတို့ အတွဲနှစ်တွဲပေမယ့်...  Yoon Gi Hyung ရဲ့မျက်စောင်းတစ်ချက်နဲ့တင် သူ့မှာ ဖိတ်စာတွေအကုန် တစ်ယောက်တည်း လုပ်နေရသည်.. 

သူ့အချစ် ကုကုလေးကလဲ ဒီနေ့မှ အရေးတစ်ကြီး လုပ်စရာရှိတယ်ဆိုပြီး မနက်တည်းက ပျောက်ချင်းမလှ ပျောက်သွားလိုက်တာများလေ... 

ခုလဲ ဟိုလင်မယား...  အဲလေ..  လင်လင်..  မဟုတ်သေးပါဘူး..  ဘယ်လိုခေါ်ရမှန်း မသိတဲ့ အတွဲက အခန်းထဲမှာ ဘာတွေလုပ်နေမှန်းမသိ...  ကြားရတဲ့ အသံတွေက ကြက်သီးဖြန်းဖြန်းထစရာ... 

သူတို့ဘာသာ ဘာလုပ်လုပ်..  ငါနဲ့မဆိုင်ဆိုတဲ့ စိတ်ကို နှလုံးသွင်းပြီး ဖိတ်စာတွေ ဆက်စီနေလိုက်သည်..  သို့ပေမယ့်...  

"Jimin ah...  Hyung မရတော့ဘူး...  "

"ခနလေးပဲ... ခနလေးပဲတောင့်ခံထားနော် Hyung ပြီးတော့မယ်"

ဘုရားသခင်...  အခန်းထဲ ဘာတွေလုပ်လုပ် ပေါ့ အပြင်က လူကိုတော့ အားနာသမှူနဲ့ အသံလေးတော့ မထွက်အောင် ထိန်းသင့်ကြတာပေါ့... 

စိတ်ထဲကသာ ကျိန်ဆဲနေပေမယ့် လက်တွေ့မှာတော့ Tae Hyung တို့က အခန်းတံခါးနားပင် ရောက်နေလေသည်.. 

နားနဲ့ တံခါးနား ကပ်နားထောင်ကြည့်တော့ နှစ်ယောက်လုံးက စိတ်လှုပ်ရှားနေတဲ့ အသံတွေနဲ့ ထပ်မံ ပြောဆိုနေကြပြန်သည်..  Tae Hyung လဲ နည်းနည်းများ မြင်ရမလားဆိုပြီး ချောင်းစရာနေရာရှာသည်..  နေရာက ရှာမတွေ့...  

အဟင်း...  Kim Tae Hyung ကို ဒီလို လာစမ်းလို့မှမရပဲ..  ချောင်းမရ ရတဲ့ အပေါ်က်က ချောင်းမယ်.. 

Jimin အခန်းနဲ့ ဘေးချင်းကပ်ရပ်က စတိုခန်းထဲ ဝင်လိုက်သည်...  စတိုခန်းက လေဝင်ပေါက်ကနေကြည့်ရင် Jimin အခန်းထဲ မြင်နေရတာမို့ ယိုင်နဲ့နဲ့ခုံပေါ်ကို တက်ကာ အပေါက်ကနေ ချောင်းကြည့်လိုက်သည်... 

ဟမ်...  မြင်လိုက်ရတဲ့ မြင်ကွင်းက Boxing Game ကို အပြတ်အသတ် နှိပ်နေတဲ့ Jimin Hyung တို့ အတွဲ.. Yoon Gi Hyung က အပီပြင် ထိုးသတ်နေတာကို Jimin Hyung က ဘေးနားကနေ အားပေးနေသည်... 

My White Cat (Yoonmin) {Unicoad ver}Where stories live. Discover now