P-16

1.3K 175 0
                                    

"Jimin...  Jimin...  ထတော့လေ.. "

"အင်း...... "

မျက်လုံးတောင် မဖွင့်ပဲ တစ်ဖက်ကို လှည့်သွားတဲ့ Jimin ကိုကြည့်ပြီး သူရီမိသည်...  လုံးလုံးသေးသေးလေးနဲ့ စောင်ထဲ လုံးထွေးနေတာ ကလေးတစ်ယောက်လို... 

"Jimin...  ထလေ... ထပါကွာ...  နောက်ကျနေမယ်"

"အင်း.......  ပျင်းတယ်....  မထချင်ဘူး"

ပျင်းကြောဆန့်ကာ မထချင်ဘူး လုပ်နေတဲ့ Jimin ကို လက်နှစ်ဖက်ကနေဆွဲကာ ပွေ့ချီလိုက်တော့ Jimin ကိုယ်လေးက သူ့ပေါ် ဆွေ့ကနဲပါလာသည်... 

Jimin လဲ လန့်ဖြတ်ပြီး ခြေထောက်နှစ်ဖက်က Yoon Gi ခါးမှာ ချိတ်တွယ်ကာ လက်နှစ်ဖက်ကလဲ လည်ပင်းကို သိုင်းယှက်ထားတာသည်...  Jimin ပြုတ်ကျမှာစိုး၍ Yoon Gi က လက်နှစ်ဖက်ကို Jimin တင်ပါးအောက် ထားကာ ထိန်းထားရသည်... 

"Hyung.....  ဘာလုပ်တာလဲ...  ပြန်အိပ်အုန်းမှာ"

"မအိပ်နဲ့လေကွာ...  သွားစရာရှိပါတယ်ဆို"

"ကျွန်တော်ပျင်း.... "

Yoon Gi က Jimin ရဲ့ အောက်နှုတ်ခမ်းလေးကို ဖွဖွလေး ငုံထွေးလိုက်တာမို့ Jimin အိပ်ချင်စိတ်တွေတောင် ပျောက်သွားသည်... 

"အာ့လောက်တောင် ပျင်းနေလဲ.... ငြိမ်ငြိမ်လေးသာနေ"

Yoon Gi က လက်မအားတာမို့ သူ့နဖူးနဲ့ Jimin နဖူးကို သာသာလေး စတဲ့သဘောနဲ့ ပစ်တိုက်လိုက်သည်... 

ကလေးတစ်ယောက်ကို ခါးတစ်ခွ ချီထားသလို ပုံစံနဲ့ပင် ရေချိုးခန်းထဲ Jimin ကို ချီသွားပြီး..  ဘေစင်ပေါ် တင်ပေးလိုက်သည် ....

Jimin သွားတိုက်တံကို ယူကာ သွားတိုက်ဆေး ထည့်ပေးနေသည်ကို...  Jimin ကျေနပ်စွာ ပြုံးကြည့်နေသည်... 

"ပါးစပ်ဟ... "

"ရပါတယ်...  ကိုယ့်ဘာကို တိုက်ပါမယ် Hyung ရဲ့"

"ငြိမ်ငြိမ်နေပါ...  တော်ကြာ ငပျင်းလေးက တိုက်ရင်း ပြန်အိပ်ပျော်နေမှာစိုးလို့"

Hyung စကားကြောင့် သူမျက်စောင်းလှလှလေး တစ်ခုသာ ထိုးပေးလိုက်သည်.... 

သူက ဘေစင်ပေါ်မှာ ထိုင်နေပြီး Hyung က သူ့ရှေ့ကနေ သွားကို သေချာတိုက်ပေးနေသည်...  Hyung မျက်နှာကို အနီးကပ် သေချာကြည့်နေရင်း အသဲယားလာတာမို့ ပါးကို ကုန်းပြီး နမ်းလိုက်သည်... 

My White Cat (Yoonmin) {Unicoad ver}Where stories live. Discover now