Chapter (13)

14.8K 1.5K 39
                                    

////Unicode////

Passport နဲ့ Visaကိုစားပွဲပေါ်တင်ပေးပြီး..ယွမ်ရှုဘာဆက်ပြောရမှန်းမသိတော့။
ရှောင်းကျန့်ကိုသာ..တိတ်တဆိတ်ကြည့်နေမိသည်..။

"ငါ့ကို...အဲ့လိုကြည့်မနေနဲ့လေ..၊
ခုချက်ချင်းသွားမှာမှ..မဟုတ်တာ၊
မား..နှစ်ပတ်လည်နေ့ပြီးမှသွားမှာလေ.."

ရှောင်းကျန့်က..ကုတင်ပေါ်တွင်ဝမ်းလျားမှောက်နေကာ..Laptop ကြည့်နေရင်းနှင့်ပင်..ထိုစကားဆိုသည်..။ရင်ပူနေသူက..ယွမ်ရှုတစ်ယောက်တည်းသာ။

"သခင်မကြီး..နှစ်ပတ်လည်က..သန်ဘက်ခါဆိုရောက်ပြီလေ..၊
မင်း..တစ်ယောက်တည်းသွားမို့လား..၊
ငါစိတ်မချဘူး.."

ရှောင်းကျန့်က..သဘောကျသလိုနှင့်ညှင်းသွဲ့သွဲ့ရယ်နေကာ...

"Oh...ငါ့ကိုစိတ်မပူပါနဲ့..
ဟိုမှာ..ဂျက်စီ..တို့ရှိတာပဲ.."

ဂျက်စီဆိုတယ့်အသံလဲကြားရော..ယွမ်ရှုကဟွန်းခနဲနှာမှုတ်လိုက်ကာ..

"သူက.ငါ့ထက်အရေးပါနေတယ်ပေါ့"

"ဟားဟား..မဟုတ်ပါဘူးကွာ..
မင်းကလဲ..သူငယ်ပြန်နေတယ့်အဘိုးကြီးလိုပဲ..၊ အသက်ကပဲ သုံးဆယ်စွန်းနေပြီ၊
ကလေးဆန်လိုက်တာကွာ..၊ ကြည့်ရတာ
ဝမ်ရီပေါ်နဲ့ပေါင်းတာများသွားလို့ထင်တယ်"

ယွမ်ရှုဘာ့မှမပြောပဲပြုံး၍သာနေလိုက်သည်။
ဘာလိုလိုနဲ့..ရီပေါ်လေးတောင်ဒီအိမ်ကိုရောက်တာ..တစ်နှစ်ပြည့်တော့မည်..။ခုဆိုကျောင်းပိတ်ထားတာမို့...Sir ပြောသလိုပင်..မိမိက..ရီပေါ်လေးနဲ့သာအနေများနေသည်လေ..။

"အင်း...ဆိုပါတော့..၊.ရီပေါ်လေးက
လိမ္မာပါတယ်..၊မင်းပဲအကောင်းမမြင်တာ"

"အဟွန်း...ငါ့ကိုမင်းဝေဖန်စရာမလိုဘူးယွမ်ရှု..၊သူ့ကို..အသုံးတည့်မယ်ထင်လို့ကျွေးမွေးထားတာ..၊ အသုံးမလိုတော့ရင်
စွန့်ပစ်လိုက်ရုံပဲ..၊ အေး...ပညာသင်ပေးတယ်ဆိုတာကလဲ..ငါ့အတွက်အပေါဆုံးက
ငွေဖြစ်နေလို့ပဲ..၊ ကျန်တာဘာအကန့်မှမရှိဘူး..၊ မင်း..အဲ့ကောင်လေးဘက်က..ရှေ့နေလိုက်တာတွေ..များနေပြီ.."

စကားကိုတစ်ရစပ်ပြောသွားကာ..Laptop
ကိုပါပိတ်ပစ်လိုက်တာမို့..အခြေအနေမဟန်တော့မှန်း..ယွမ်ရှုသိလိုက်သည်..။
ငါနားလည်တယ်..ရှောင်းကျန့်..၊
မင်းက..ဘယ်သူ့ကိုမှမယုံကြည်နိုင်တော့တာ..၊ ဘယ်သူ့ကိုမှ..သံယောဇဥ်မတွယ်ချင်တော့တာ..၊ ဒါကြောင့်..ရီပေါ်လေးနဲ့
အဝေးဆုံးမှာ..နေနေတာမလား..??

....."Xiao Oo Oo".....{{ COMPLETED }}Donde viven las historias. Descúbrelo ahora