Chapter (31)

12.9K 1.2K 108
                                    

######Unicode#######

"ဒေါက်....ဒေါက် "

တံခါးခေါက်သံအဆုံးမှာ..ရေချိုးခန်းထဲမှထွက်လာတယ့် ရီပေါ့်အသံကစီခနဲ ။

"ဦးလေးယွမ်ရှု ဝင်ခဲ့လေ ၊
ကျွန်တော် တံခါးမပိတ်ထားဘူး "

စိန်ပြေနပြေရေချိုးနေကာ..သရဲကြောက်တတ်တယ့်သူ့ ဝသီအတိုင်းးတံခါးကိုအနည်းငယ် ဟ ထားမိသည်။

"ဦးလေးးယွမ်ရှု...ကျွန်တော်..က..
ဟမ်....ဦးးး..ဘုတ် "

လက်ထဲက မျက်နှာသုတ်ပုဝါလေးက ကြမ်းပြင်ပေါ် ဘုတ်ခနဲခုန်ဆင်းသွားရှာသည်။ ကျတော့် ရဲ့ ဦးးးက ညဝတ်အကျီနက်ပြာရောင်လေးနှင့်ဖြစ်ကာ အခန်းထဲလှည့်ပတ်ကြည့်နေသည်ကို...

"ဦးးးးး"

"တစ်ကြော်ကြော်ခေါ်မနေနဲ့..၊
အဝတ်အစားလဲ..."

"ဟုတ်...."

ရှောင်းကျန့် ဒီအခန်းထဲရောက်ဖူးပေမယ့် စေ့စေ့စပ်စပ်မကြည့်ခဲ့တာမို့...အခုချိန်မှာအရာအားလုံးဟာ ထူးဆန်းနေသည်။

နံရံမှာဆော့ပင် ရောင်စုံနဲ့ရေးခြစ်ထားသော
တာလီများက...ဘာကိုရည်ရွယ်သလဲ??

Crystals Box လေးကိုအသာဖွင့်ကြည့်တော့....သရေကွင်းတစ်ကွင်း၊ မဟုတ်သေးဘူး ရာဘာမျော့ကြိုးလေး၊ နောက်ပြီးရေသန့်ဗူးတစ်ဘူး နဲ့ မိမိကိုယ်တိုင်ဖန်တီးထားတယ့် နာရီလေးက ဝင့်ထည်စွာရှိနေသည်။

ဘာတွေလဲလို့ မမေးချင်တော့ဘူး၊
ကျိန်းသေ ကိုယ်နဲ့ပတ်သတ်သောအမှတ်တရများပင်ဖြစ်လိမ့်မည်။
ဝမ်ရီပေါ်က ကိုယ့်ကို အဲ့လောက်ချစ်သတဲ့လား ၊ ဖြူစင်တယ့်သူ့ချစ်ခြင်းတွေကို ငါက နင်းချေဖို့လုပ်နေမိတာပဲ ။

"ဦးးးးး"

ခပ်တိုးတိုးစကားသံနှင့်အတူ...မိမိခါးကိုတွယ်ချိတ်လာတယ့်လက်ချောင်းသေးသေးလေးများ ၊ ရှောင်းကျန့်ကျောကဆတ်ခနဲပင်ဖြစ်ကာ...ကယောင်ကတန်းနှင့်လှည့်ကြည့်လိုက်မိသည်။

"ကောင်လေးး "

ရီပေါ်က သူပေးထားတယ် Hoodie ပွပွကြီးဝတ်ကာ..သူ့ခါးကို လွတ်ထွက်သွားမှာစိုးသည့်အလား ခပ်တင်းတင်းပွေ့ဖက်ထားသည်။

....."Xiao Oo Oo".....{{ COMPLETED }}Donde viven las historias. Descúbrelo ahora