#####Unicode#####"ကိုကို..."
"ရှူး..."
Leo ကိုယ့်ပါးစပ်ကိုပိတ်ကာ...ကိုကြီးကိုခေါင်းညိမ့်ပြလိုက်မိသည်။ ထို့နောက် ခြေလှမ်းဖွဖွနင်းရင်း...
"ကိုကို.... သတိရပြီပေါ့ "
"အင်း...ဒီညတော့ Lion လေးကကိုကို့လက်ကို ခေါင်းအုံးပြီးမအိပ်နဲ့နော် ၊ သူ ပင်ပန်းနေတယ် "
Leo က ကုတင်ပေါ်မှာ တစောင်းအနေအထားနဲ့ အိပ်ပျော်နေသော ကိုကို့ ကိုတစ်ချက်ကြည့်ကာ ခေါင်းညိမ့်ပြသည်။
သို့သော် ပါးစပ်ကတော့..."ဒီနေ့ ကိုကြီးက ကိုကိုနဲ့အတူတူစောင့်အိပ်ပေးပါ ၊ ညဘက် တစ်ခုခုဖြစ်ရင်သိနိုင်တယ်လေ "
"ဒါဆို..Lion က.."
Leo က တဟီးဟီးထရယ်ကာ...
"ဝမ်ရီပေါ်နဲ့သွားအိပ်မှာ ၊
သူ ရင်ဖွင့်တာကိုသွားနားထောင်မလို့ ၊
နောက်ပြီး သိသင့်သိထိုက်တာတွေပြောပြမလို့..."ယွမ်ရှုက ခေါင်းသာညိမ့်ပြလိုက်သည်။
Leo က အိပ်ပျော်နေသော ရှောင်းကျန့်ပါးကို ခပ်ဖွဖွနမ်းရင်း...အခန်းထဲမှပြန်ထွက်သွားခဲ့သည်။သို့သော် သူကြားနေမိတာက ရီပေါ်ပြောခဲ့ဖူးသော စကားလုံးအချို့သာ ၊
ကျတော် က ဦးးကိုချစ်တယ်
ဦးးးးရဲ့လက်တွဲဖော်ဖြစ်ချင်ပြီး..
အိမ်ထောင်ဖက်လို ချစ်တာ၊
ဦးးးအနားမှာအတူနေပြီးးး
အိုမင်းသွားချင်တယ်တယ့််ဒီလူသားကို ချစ်တာခြင်းတူပေမယ့်...
အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်းတော့ ကွဲပြားခဲ့သည် ။ ချစ်တာတော့ ဟုတ်ပါပြီကွာ ၊
မင်း ဦးးလေးလောက် ရှောင်းကျန့်ကိုနားလည်ပါ့မလား....ရီပေါ်လေး ။"ယွမ်ရှု "
"အာ...မင်း နိုးသွားတာလား "
ရှောင်းကျန့် က ခေါင်းအသာညိမ့်ရင်း ကုတင်တစ်ဖက်စွန်းကိုရွေ့သွားကာ
"ခုနက ငါကြားလိုက်တယ် ၊
ဒီ အခန်းထဲမှာအိပ်မယ်ဆို.."ယွမ်ရှု က ကုတင်ပေါ်တတ်ထိုင်လိုက်ကာ..ပြုံးစစမျက်နှာပေးနှင့်..
YOU ARE READING
....."Xiao Oo Oo".....{{ COMPLETED }}