Chapter (24)

11.3K 1.1K 46
                                        

#####Unicode#####

"မင်း...ရော..
ဦးးးအပေါ် ရိုးသားရဲ့လား Leo "

သူ့အမေးကို ရှေ့က ကပြားကောင်လေး Leo က မျက်လုံးဝိုင်းလေးများနှင့်ပြူးကြည့်ကာ နှုတ်ခမ်းပါးများကလဲပြုံးယောင်သန်းသွားသည် ။ ပြီးမှ...နှပ်တစ်ချက်ညစ်ရင်း...

"မင်း က ဘာလို့မေးတာလဲ..
ဝမ်ရီပေါ် "

ရီပေါ်က မျက်နှာပေါ်မှ မျက်ရည်များကိုပြောင်စင်အောင် သုတ်လိုက်ပြီး ကုတင်ပေါ်တတ်ထိုင်သည် ။ Leo ကလဲ သူ့ဘေးမှာဝင်ထိုင်ရင်း...

"ငါ့ ကိုကို့အပေါ်လုပ်မိတယ့် အပြုအမူတွေကြောင့်လား..."

ရီပေါ် ခေါင်းသာညိမ့်ပြလိုက်သည် ၊ အမှန်ပဲလေ သူလုပ်နေတာတွေက ဟုတ်မှမဟုတ်တာကို။

"ငါ့ အချစ်က မင်းလိုတဏှာမပါဘူး "

"ဘာ တဏှာမပါတာလဲ ၊ ဦးးးနှုတ်ခမ်းကိုနမ်းတာ တဏှာမဟုတ်တော့ဘာလဲ.."

ဒေါသကြောင့် ရီပေါ့်အသံကခပ်ဆတ်ဆတ်၊
Leo သူ့ကိုတစ်ချက်ကြည့်ကာ အေးဆေးပင်ပြန်ဖြေသည်။

"ငါတို့အနောက်နိုင်ငံမှာ..အဲ့လို Skin-Ship တွေက အဆန်းမှမဟုတ်တာ ၊ဒါပေမယ့် လူတိုင်းကို လိုက်နမ်းတာတော့မဟုတ်ဘူးနော် ၊ မာမီရယ် ၊ ကိုကြီးရယ် ၊ ကိုကိုရယ် အဲ့သုံးယောက်က ငါ့အတွက်အထူးပုဂ္ဂိုလ်တွေမို့လို့"

လက်ညှိုးလေးတစ်ထောင်ထောင်နဲ့ရှင်းပြနေသော Leo ကို အမြင်ကတ်ပုဒ်မနဲ့ ရီပေါ်ဂြိုဟ်ကြည့်ကြည့်လိုက်မိသည်။

"ကိုကို ရဲ့ စိတ်ဒဏ်ရာတွေပျောက်ဖို့ ငါက ကူညီနေတာ ၊ မင်းလိုတဏှာရူးမဟုတ်ဘူး"

"ဘာ "

"အနာရှိရင် စပ်ပေါ့ "

Leo ရဲ့ ခုပုံစံက ကလေးဆန်ဆန်မဟုတ်ပဲ တည်ကြည်လေးနက်သော လူကြီးတစ်ယောက်လို ။

စိတ်ဒဏ်ရာဆိုတယ့် စကားကြောင့် ရီပေါ့်ရင်ထဲဒိတ်ခနဲ ၊ Leo ကရော ဦးးးရဲ့စိတ်ဒဏ်ရာတွေကိုသိနေခဲ့တာလား ။

ရီပေါ် အလောတကြီးနှင့် Leo ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ...

"ဦးး ကိုနားလည်ဖို့အတွက်...
မင်းကူညီမှရမယ် "

"အမ် "

....."Xiao Oo Oo".....{{ COMPLETED }}Tempat cerita menjadi hidup. Temukan sekarang