///Unicode///
"Sir...ဒီနေရာပါဘဲ..."
"အင်း..."
ရှောင်းကျန့်..မျက်လုံးကိုဖြည်းညင်းစွာဖွင့်
လိုက်ပြီး...ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်
သည်..။သူတွေ့မြင်နေရသည်က...စာသင်ကျောင်း
နှစ်ခု..ဘေးချင်းယှဥ်လျက်ရှိနေခြင်းပင်။တစ်ကျောင်းက...ရိုးရိုးအထက်တန်းကျောင်းဖြစ်ကာ..ပြင်ဆင်ထားပုံကအစ..ရိုးရှင်းလွန်းသည်..။
နောက်တစ်ကျောင်းကတော့...
International School ဖြစ်တာမို့..
ပြောစရာပင်မလိုတော့..၊ မိုးနဲ့မြေကိုယှဥ်
ပြထားသလိုပင်ကွာခြားလွန်းသည်..။"လှူရုံနဲ့ရတာပဲ..မှတ်တမ်းကတင်ချင်သေး
တော်တော်ရှုပ်တယ့်ဟာတွေ.."ယွမ်ရှုဘာ့မှမပြောပဲ...ပြုံး၍သာနေလိုက်
သည်..။Sir..က..ဒီအထက်တန်းကျောင်းကိုငွေကြေးများစွာ..
လှူဒါန်းခဲ့ပေမယ့်..အမည်မဖော်ပဲနေလာခဲ့
တာ..အတော်ပင်ကြာပြီဖြစ်သည်..။ဒီတစ်ခေါက်..လှူဒါန်းခြင်းကို..ကျောင်း
အုပ်ကြီးကလက်မခံပါဘဲ..အလှူရှင်အား
ကျေးဇူးတင်ကြောင်း..တကဲကဲပြောနေသောကြောင့်..မိမိမှာ Sir ဖြစ်သူအား..
မနည်းဖြောင့်ဖြကာခေါ်လာခ့ဲရသည်..။သို့သော်တစ်လမ်းလုံးအိပ်ပြီးလိုက်လာကာ.
ဝတ်ထားသောဒီဇိုင်းကလဲနည်းနည်းမှ.အချိုးမပြေ..။ကြည့်လေ..ဝတ်ထားတယ့်ပုံကိုက...
အကျီကလူနှစ်ယောက်လောက်ဝင်အောင်း
လို့ရကာ..တင်ပါးကိုဖုံးနေသေးသည်။
အောက်ကဂျင်းဘောင်ဘီကျပ်ကျပ်က..
ဒူးတွေ ပေါင်တွေကို..တိတိရိရိဖော်ပြနေ
သလို..၊ ဆိုက်ကျဲကြီးနှင့်...ကားပေါ်မှာတောင်..ဦးထုပ်ဆောင်းပြီးဆိုဒ်ပိနေသူ။အရုပ်ကိုဖက်ပြီးကျောင်းကိုငေးမောနေပုံက..သူ့ကိုယ်သူ..အထက်တန်းကျောင်းသားများမှတ်နေသလား..။
أنت تقرأ
....."Xiao Oo Oo".....{{ COMPLETED }}