Chapter (33)

11.7K 1.3K 130
                                    

#####Unicode#####

ခြေထောက်ကတစ်စစ်စစ်နာကျင်မှုနှင့်အတူ..လူကဆတ်ခနဲဖြစ်ကာ လန့်နိုးလာခဲ့သည်။ လေးလံနေတယ့် လက်တစ်ဖက်ကိုစောင်းငဲ့ကြည့်တော့ တရားခံက...ဝမ်ရီပေါ်ဆိုတယ့်သူ့ကောင်လေး၊

ဆံပင်ပျော့ပျော့လေးတွေက သူ့လက်ဖျံပေါ်ဖေးတင်နေကာ...မျက်ခမ်းစပ်လေးများက ငိုထားလို့ထင် အနည်းငယ်ဖောင်းအစ်နေသည်။
ကြမ်းပြင်ပေါ်ထိုင်နေတာ ဘယ်လောက်တောင်ကြာပြီလဲမသိ၊ ဆက်မကြည့်နိုင်တော့လောက်အောင်...ရင်ဘတ်ထဲနာကျင်လာတာမို့...မျက်နှာကိုတစ်ခြားတစ်ဖက်သို့စောင်းချလိုက်သည်။

မျက်အိမ်ထောင့်မှ ကျဆင်းသွားသော မျက်ရည်ဥတို့အတွက် ခေါင်းစဥ်ရှာမရခဲ့၊

ကိုယ့်ဘာသာ အတ္တကြီးမှန်းလဲသိတယ်၊
ဒေါသထွက်ရင် စိတ်မထိန်းနိုင်မှန်းလဲသိတယ်၊ တစ်ခြားသူတစ်ယောက်လို စိတ်လွတ်သွားခြင်းက ဒီတစ်ခါဆို ဘယ်နှစ်ကြိမ်မြောက်လဲမသိ၊

"တောင်းပန်ပါတယ် **Sob...."

တိုးသဲ့သဲ့ရှိုက်သံနှင့်အတူ...ဆို့နင့်စွာထွက်လာတယ့်စကားသံလေးက..ရီပေါ့်အကြားအာရုံများကို နှိုးဆွလိုက်သလို...

"ဦးးးး"

လူကဆတ်ခနဲတုန်ကာ ရှိုက်သံများပါရပ်တန့်ကုန်သည်။ ရီပေါ် ကုတင်စွန်းတွင်အသာထိုင်းရင်းးနောက်တစ်ကြိမ်ခေါ်လိုက်တော့..

"ဦးးးး"

"ငါနဲ့...အဝေးဆုံးမှာနေလို့ရမလား "

"ဗျာ...."

လောလောလတ်လတ် မြေမြိုခံလိုက်ရသလိုရီပေါ် တစ်ကိုယ်လုံးတောင့်တင်းသွားကာ...တုံ့ပြန်စကားများကင်းမဲ့နေခဲ့သည်။
ထို့နောက် နားထဲတစ်သိမ့်သိမ့်တိုးဝင်လာတယ့် ဦးးး ရဲ့ အသံများက.... တိုးတစ်လှည့် ကျယ်တစ်လှည့်..

"ခု ဓာတ်ပုံကိစ္စက တကယ်မဟုတ်မှန်းငါသိတယ် ၊ ဒါပေမယ့် သိရက်သားနဲ့ ငါစိတ်မထိန်းနိုင်ခဲ့ဘူး ၊ ငါပိုင်ဆိုင်ပြီးသားလူတစ်ယောက်ကို ဆုံးရှုံးရမှာအရမ်းကြောက်တယ်
*Sob...."

ရှိုက်သံများက တစ်အင့်အင့်နဲ့တော်တော်နဲ့အတောမသတ်နိုင်။ အတော်ကြာမှ...

....."Xiao Oo Oo".....{{ COMPLETED }}Tempat cerita menjadi hidup. Temukan sekarang