Chapter (42)

12.9K 1.1K 125
                                    

#####Unicode#####

"ခရီးပန်းတယ့်ကြားထဲ...
စိတ်ထိခိုက်လို့မူးလဲသွားတာပါ Leo ရယ်၊
မင်း ရဲ့ ရီပေါ် ဘာ့မှမဖြစ်ပါဘူး ၊
သွားနားတော့..."

Lion က သူ့မာမီပြောစကားများကိုမျက်ကွယ်ပြုကာ...ရီပေါ့်နဖူးကိုစမ်းရင်းးအီးခနဲထငိုသည်။

"မာမီ...
ကိုကြီးက တကယ်သေပြီပေါ့နော်**Sob
နောက်တစ်ခါဘယ်တော့မှမတွေ့ရတော့ဘူးပေါ့..ဟုတ်တယ်မလား"

ဂျက်ဆီ မျက်ရည်မကျအောင်ထိန်းရင်းးခေါင်းငြိမ့်ပြလိုက်သည်။ ကလေးဆန်သော မိမိသား က ယွမ်ရှု နဲ့ သခင်လေး ကိုသိပ်ခင်တွယ်သည်မလား၊

China မှာကျောင်းတတ်မယ် တကဲကဲလုပ်လို့ မနည်းတားလိုက်ရသည်၊ Canada ကို ယွမ်ရှုရောက်လာတော့ အပျော်ဆုံးသူက Leo ပဲဖြစ်လိမ့်မည်။ ခုတော့ ထိုလူသားက..ဆိုင်းမဆင့် ဗုံမဆင့်ထွက်သွားခဲ့သည်တယ့်။

သခင်လေးလို လူစားမျိုးက သူ့အနားမှာအမြဲတစေထားသော ယွမ်ရှုကို ဘာ့အတွက်ကြောင့် Canada ကိုစေလွှတ်ခဲ့သနည်း။
နှစ်ပေါင်းများစွာ သံယောဇဥ်ကိုမထောက်ပဲ
နာရေးကိုတောင် လိုက်မလာခြင်းက အလုပ်ကိစ္စကြောင့်မဖြစ်နိုင်။

သို့ပေမယ့်...မိမိကိုမသိစေချင်လို့ လျှို့ဝှက်ထားကြတာဘဲ၊ အတင်း မသိချင်ပါဘူး ၊ ဒါပေမယ့် သခင်လေးကိုတော့ စိတ်ပူမိတာအမှန်ပင်။ သူ့စိတ်က ခန့်မှန်းရခက်ကာ..နည်းနည်းအစွန်းရောက်သည်လေ။

"ဦးးး...မသွားနဲ့...
ဦးးးးးး"

"ရီပေါ်...ဝမ်ရီပေါ် "

နားထဲတစ်သိမ့်သိမ့်တိုးဝင်လာသော ခေါ်သံသဲ့သဲ့နှင့် ပုခုံးကို ခပ်ဆတ်ဆတ်လှုပ်ရမ်းမှုများကြောင်း သူနိုးထလာခဲ့ရသည်။

ကုတင်ပေါ် ငုတ်တုတ်ထထိုင်ပြီး အူလှိုက်သည်းလှိုက်ငိုလိုက်မိသည်။ ကျတော့်မျက်လုံးတွေလဲ ပြုတ်ထွက်တော့မယ်ထင်ပါတယ်။

Sis ဂျက်ဆီနှင့် Leo က စိုးရိမ်သောအမူအယာနှင့်မိမိနားရောက်လာကြသည်မို့ စိတ်ကိုမနည်းထိန်းလိုက်ရသည်။ အားလုံးက..အပူကိုယ်စီနဲ့မလား..။

"ရီပေါ် အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့..ကျတော်အဆင်ပြေ **Sob...အန်တီ စိတ်မပူပါနဲ့ "

....."Xiao Oo Oo".....{{ COMPLETED }}Où les histoires vivent. Découvrez maintenant