Chapter (21)

12.5K 1.3K 178
                                    

#####Unicode#####

12:40 တယ့် အိပ်မပျော်လို့ ထပ်Upလိုက်တယ် 🤗🤗
_____________________________

လက်က နာရီကိုကြည့်လိုက် ၊ မိမိကိုလှမ်းကြည့်လိုက်လုပ်နေသော ဝမ်ရီပေါ် ၊
ဧည့်ခန်းထဲမှာ ခြေရာထပ်အောင်လမ်းလျှောက်နေတယ့်..ရီပေါ့်ပုံစံက မကြာခင်ကမ္ဘာပျက်တော့မှာမို့...တွေးပူနေသလို ၊ ယွမ်ရှု မမြင်ချင်ယောင်ဆောင်ရင်း
TV ကိုသာကြည့်နေလိုက်သည်။

အတော်ကြာမှ..မိမိအနားသို့စွေ့ခနဲဝင်ထိုင်လိုက်တော့...နှာခေါင်းတစ်ခုလုံးမွှန်ထွန်သွားကာ အာပင်ခြောက်လာသည် ။
ဘယ်လိုတောင်လဲ ရေမွှေးပုလင်းမှောက်ကျလာလေသလား? ?

"ဦးလေး ယွမ်ရှု အဟီးဟီး...
ကျွန်တော် ကြည့်ကောင်းရဲ့လားဟင် "

"ဟမ်...အာ...ကောင်းတာပေါ့ ၊
Sure အရမ်းကို မိုက်တာပဲ..."

ရီပေါ် က မြင်းဟီးသလိုတစ်ဟီးဟီးထပ်ရယ်ပြီး ဆံပင်ကိုတစ်ချက်သပ်တင်သည်။ပြီးမှနာရီကိုကြည့်ကာ...

"ဟိုလေ...ကျွန်တော်တို့သွားသင့်ပြီထင်တယ်နော် ၊ လေယာဥ်ကွင်းရောက်မှ ထိုင်စောင့်လို့ရတာပဲ..."

"ရူးနေလား..လေယာဥ်ဆိုက်မှာ ၃..နာရီမှလေ ၊ ခုမှ ၁ နာရီပဲရှိသေးတာ ၊ဘာလို့လေယာဥ်ကွင်းမှာ သွားထိုင်နေမှာလဲ"

ဦးလေးယွမ်ရှုက ထိုသို့အချက်ကျကျပြောလိုက်တော့ ရီပေါ့်မှာဆွံအနေရသည်။ ဒါပေ
မယ့်..ကျွန်တော် ဦးးးကိုအရမ်းတွေ့ချင်နေပြီလေ ၊ ဒီနေ့မှ အချိန်ကုန်တာနှေးနေသလိုပဲ၊

"ရီပေါ်..."

"ဗျာ..."

"Sir ရှေ့မှာ မင်းခံစားချက်တွေကိုတတ်နိုင်သလောက်ထိန်းထားပါ ၊ ဦးလေး
ဒါပဲပြောချင်တယ် ၊ ရှောင်းကျန့်ဆိုတာ..မင်းထင်သလိုပေါ့သေးသေးမဟုတ်ဘူးနော် ၊ အပြင်ပန်းကတော့ နူးညံတယ့်ပန်းလေးတစ်ပွင့်လိုပဲ ၊ သူ့အတွင်းစိတ်ကဘယ်လိုလဲဆိုတာ တစ်ခါတစ်လေ ဦးလေးတောင် မခန့်မှန်းနိုင်ဘူး "

ရီပေါ် ခေါင်းသွက်သွက်ညိမ့်ရင်း..

"ဟုတ်..ဦးလေးယွမ်ရှု ၊
ကျွန်တော် အတတ်နိုင်ဆုံးထိန်းပါ့မယ် "

....."Xiao Oo Oo".....{{ COMPLETED }}Tempat cerita menjadi hidup. Temukan sekarang