Chapter (38)

12.6K 1.1K 122
                                    

######Unicode######

"ဦးးး"

Laptop ပေါ်လှုပ်ရှားနေတယ့် ရှောင်းကျန့်လက်တွေက ခေါ်သံတစ်ခုအဆုံးမှာ တုံ့ခနဲရပ်သည်။

ရီပေါ်...CEO ရုံးခန်းထဲခေါင်းပြူကြည့်ကာတီးတိုးခေါ်မိခြင်း ၊ ဦးလေးယွမ်ရှု ထွက်သွားပြီးကတည်းက ဦးးက Company ကိစ္စတွေကိုသာ အတည်တကျလုပ်ကိုင်နေသည်။ မနက်စောစော ထွက်သွား ၊ ညမိုးချုပ်မှပြန်လာတာမို့...နှစ်ယောက်သားက နီးရက်နဲ့ဝေးနေသလို။

"ဝင်ခဲ့လေ ၊
ချောင်းကြည့်နေရုံပဲလား"

ဦးးက အလုပ်စားပွဲမှထကာ...Sofaမှာပြောင်းထိုင်လိုက်သည်။ ရီပေါ် ဆိုင်ကယ်ဦးထုပ်လေးပိုက်ကာ ဝင်လာရင်းး

"ဦးးးး ကျတော် အနှောင့်အယှက်
ပေးမိပြီလားး"

ရှောင်းကျန့်က သူ့ဘေးက နေရာလွတ်ကိုပုတ်ပြပြီးးး

"ထိုင်လေ၊
ရောက်လာပြီးမှတော့...
အပိုစကားတွေမပြောပါနဲ့လားး"

ရီပေါ်..က ဟီးးခနဲရယ်ပြရင်းးဦးးဘေးမှာဝင်ထိုင်လိုက်သည်။ ပြီးမှ...ဦးးလက်နှစ်ဖက်ကိုဆွဲကိုင်ပြီးး

"ဦးးးဒီနေ့က..."

"အင်းးး..ငါသိတယ်..မင်းမွေ့နေ့မှန်း၊
နောက်ပြီးး ကမ်းခြေကို ခရီးထွက်ချင်တာ
လဲ..သိတယ်"

ရီပေါ် ပါးစပ်ကလေးအဟောင်းသားနဲ့

"ဟမ်...ဦးးက ဘယ်လို "

ရှောင်းကျန့်က သူ့မူပိုင်အပြုံလေးပြုံးကာ ရီပေါ့်နဖူးကို ခပ်ဖွဖွတောက်သည်။

"မင်း အကြောင်းငါက မသိစရာလားး
ကောင်လေးရယ်.."

ရီပေါ်က..ဦးးပုခုံးကိုမှီလိုက်ရင်းး

"ကျွန်တော် လဲ ဦးးအကြောင်းကို
သိချင်လိုက်တာ ၊ နောက်ပြီးးဦးလေးးယွမ်ရှုကိုလဲ သတိရတယ်၊ ပြီးခဲ့တယ့် မွေးနေ့ကို ဦးလေးပဲ လုပ်ပေးခဲ့တာ "

ရှောင်းကျန့် ဘာတုန့်ပြန်စကားမှမဆိုမိ၊
နှုစ်ယောက်ကြားလေထုက အအေးလှိုင်းများဖြတ်သန်းသွားသလို အနည်းငယ် တောင့်ခဲနေခဲ့သည်။ အသံရှုသံမျှင်းမျှင်းးကသာ တိတ်ဆိတ်သောအခန်းထဲမှာကြီးစိုးနေတာ..အချိန်အတော်ကြာသည်။

....."Xiao Oo Oo".....{{ COMPLETED }}Tempat cerita menjadi hidup. Temukan sekarang