Chapter (36)

13K 1.2K 308
                                    

#####Unicode#####

"တောင်းပန်ပါတယ် "

ယွမ်ရှုရဲ့ ခပ်သဲ့သဲ့စကားသံမှာ ရှောင်းကျန့်က ဟက်ခနဲရယ်သည်။ နှုတ်ခမ်းကို လက်ခုံနှင့်ကြမ်းတမ်းစွာ ဖိပွတ်လိုက်ပြီးးဖရိုဖရဲဖြစ်နေသော အကျီများကိုဆွဲဆန့်လိုက်သည်။ ပြီးမှခပ်တိုးတိုလေသံကဆို့နင့်စွာ..

"နောက်ဆုံးတော့..မင်းသိသွားပြီပဲ
ကိုကို "

"ဟင် "

ကြမ်းပြင်ပေါ်အကြောင်းမဲ့ စိုက်ကြည့်နေတယ့် ယွမ်ရှု ၊ ကိုကိုလို့ ခေါ်သံအဆုံးမှာ ခြေလှမ်းများက ယောင်ယမ်းကာ​ နောက်ဆုတ်လို့။ Sir က ဘာဖြစ်ချင်နေတာလဲ?

"ငါ့ ငါ့....ကို အဲ့လိုမခေါ်နဲ့၊
မင်းးးဆီမှာ...ခု ရီပေါ်လေးရှိနေပြီ၊
ကလေးကို နာကျင်အောင်မလုပ်ပါနဲ့"

ထိုစကားအဆုံးမှာ ရှောင်းကျန့်ရင်ထဲ ဖျင်းခနဲဖြစ်ကာ ပြောမည့်စကားလုံးများကို မြိုချပစ်လိုက်သည်။ သို့ပေမယ့် စကားစုတစ်စုကတော့ အဖျားသတ်တုန်ယင်စွာနှင့်

"သတ္တိမရှိတယ့်ကောင် "

"ငါ့ အချစ်တွေနဲ့ မထိုက်တန်တယ့်ကောင်"

"ချစ်တယ်လို့ပြောဖို့...
အဲ့လောက်ခက်ခဲနေလားးး"

"ငါ အရမ်းကြားချင်ခဲ့တာ ***Sob "

ပြောစရာစကားများ ကင်းမဲ့နေသူက ယွမ်ရှုပင် ၊ ချစ်တာပေါ့ ရှောင်းကျန့်ရယ်၊
သိပ်ချစ်တာပေါ့ ၊
ဒါပေမယ့် ငါတစ်ကိုယ်ကောင်းးဆန်လို့မရဘူးလေ ၊

မိဘမဲ့ ဂေဟာမှာနေခဲ့ရတယ့် ရီပေါ်လေး၊
ဖေးးရန်ကြောင့် နည်းနည်းလူဝင်ဆံ့လာတယ် ၊ မင်း ပယောဂ ကြောင့်ပဲ ဒီအိမ်ကြီးရောက်လာတယ့် ကလေးတစ်ယောက်ပါ၊ ခုတော့ မင်းက သူ့ဘက်ကိုမကြည့်ပဲဘာဖြစ်ချင်နေတာလဲ ။

ငါက အသက်ကြီးနေပြီမို့ခံနိုင်ရည် ရှိပါတယ်။
ငါ ချစ်တယ့်မင်းက ငါ့ကိုသိပ်ချစ်တယ်ဆိုလို့..အရမ်းလဲပျော်မိတယ်။
ဒါပေမယ့် ငါ့အချစ်က ရယူဖို့မှမဟုတ်တာ။

"ပြော...ငါ့ကိုချစ်တယ်လို့ပြော "

ယွမ်ရှု ခေါင်းခါရင်းးး ရင်ဘတ်တွေကိုတဖုန်းဖုန်းရောက်ရှိလာတယ့် အားမပါတယ့်လက်သီးဆုပ်များကို ငြိမ်ခံနေမိသည်။
စိတ်ထဲမှာ ပဲ့တင်ထပ်အောင်အော်ဟစ်နေသည်က....
တောင်းးပန်ပါတယ် ဟုသာ ။

....."Xiao Oo Oo".....{{ COMPLETED }}Tempat cerita menjadi hidup. Temukan sekarang