###unicode ###
"ဝမ်ရီပေါ် ဝမ်ရီပေါ်..."
ခပ်ဆတ်ဆတ်စကားသံနှင့်အတူ..၊
ကျောပြင်ပေါ် ဗြောင်းခနဲရိုက်ချက်တို့ကြောင့်..ရီပေါ် မှောက်အိပ်နေရာမှ..ခေါင်းမော့ကြည့်လိုက်သည် ။သူ့ရှေ့မှာ အားကစားဝတ်စုံနဲ့ မှုန်ကုပ်ကုပ်ရပ်နေသော လူတစ်ယောက်..။"အစ်ကို ကျိလင် ဘာဖြစ်လို့လဲ.."
ကျိလင် က ဟန်ပါပါခါးထောက်လိုက်ပြီးသူ့အားအစုံ အဆန်ကြည့်သည်..။ပြီးမှ
"မင်း..ပြီးခဲ့တယ့်အပတ်ကလဲ...
အားကစားချိန်ကိုရောက်မလာဘူး..၊
ခုလဲ စာကြည့်တိုက်ထဲလာအိပ်နေတယ်..၊
ပြိုင်ပွဲက နီးနေပြီလေ"ရီပေါ်တစ်ယောက် ဘာ့မှပြန်မပြော..၊ခေါင်းကိုသာတွင်တွင်ကုပ်ရင်း..
"ကျနော်တို့ အသင်းမရှုံးစေရဘူးဗျာ..၊
အာမခံတယ်.."ထိုစကားကြားလိုက်တော့..အသင်းခေါင်းဆောင်တစ်ယောက်ပီပီ ရင်ထဲမှာလှိုက်ခနဲ..။ဘယ်သူကရော မိမိတို့ အသင်းကို ရှုံးစေချင်မှာလဲ..??
ဝမ်ရီပေါ်က ထိုသို့အတိအကျပြောနေတော့
မိမိလဲ ယုံချင်လာသည်..။
ဒီကောင်လေးရဲ့ နောက်ခံက အကောင်ကြီးကြီးဆိုတာလူတိုင်းသိပြီးသား..။
ဆရာ၊ဆရာမများကလဲ ဂရုတစိုက်ရှိကာ..
နောက်ဆုံးတန်းကနေ..ရှေ့ဆုံးတန်းကို...
စာသင်နှစ်မကုန်ခင်လေးမှာ ခုန်ပေါက်ပြောင်းလာသူ..။သို့သော် ဒီကောင်လေးပုံစံက ခုတလောနည်းနည်းထူးခြားနေပုံ..။ ကျိလင် စာအုပ်စင်မှ..စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်ကာ ဟန်ပြအနေနှင့် မိမိရှေ့တွင်ချထားလိုက်သည်..။ထို့နောက် ဝမ်ရီပေါ်ရှေ့မှာဝင်ထိုင်လိုက်ပြီး..
"မင်း...ဘာဖြစ်နေတာလဲ..၊
အသဲကွဲနေတယ်လို့တော့ မပြောနဲ့..၊
မင်းကငယ်သေးတယ်.."ရီပေါ့ မျက်ဝန်းများက အံသြမှုကြောင့်အရောင်လက်ကုန်ကာ..တောင်ကြည့် မြောက်ကြည့် ကြည့်ပြီးမှ ခပ်တိုးတိုးအသံနှင့်..
"ကျနော့် ပုံစံက အဲ့လောက်တောင်
သိသာနေတာလား..""ဟမ်..ဒါဆို..
မင်းမှာ ချစ်သူရှိတယ်လို့ပြောနေတာလား"
![](https://img.wattpad.com/cover/197937828-288-k573618.jpg)
أنت تقرأ
....."Xiao Oo Oo".....{{ COMPLETED }}