#####Unicode#####
"Sunshine"Group က CEOရှောင်းကျန့် ကို နေအိမ်တွင်သေဆုံးလျက်တွေ့ရှိ"
"CEO ရှောင်းကျန့် မိမိကိုယ်ကိုအဆုံးစီရင်"
တတ်လာတယ့် သတင်းမှန်သမျှ..ရှောင်းကျန့်ဆိုသော နာမ်စားကသာ မင်းမူလျက်၊
Phone ကိုကြည့်နေရင်းမှ...တစ်ဟားဟားအော်ရယ်လိုက်မိသည်။မဖြစ်နိုင်တာ...
ဘာလို့ ဦးးက သေရမှာလဲ??
ကျတော် Phone ပိတ်ထားတာ တစ်ရက်ထဲရှိသေးတယ်လေဗျာ၊
Internet ပေါ် ခုလိုသတင်းအမှားတွေလွှင့်စရာလား။"ရီပေါ်...**Sob ကို...ကို..လေ "
တအီးအီးငိုယိုကာ အခန်းထဲပြေးဝင်လာတယ့် Leo ကြောင့် ထိုကိစ္စဟာအမှန်တွေမှန်းကျတော်လက်ခံလိုက်ရသည်။ ဘာလို့လဲ ဦး၊ ကျတော့်ကို နောက်ဆုံးတော့ တကယ်ထားခဲ့ပြီပေါ့။
"ကိုကို...ကိုယ့်ဘာသာသတ်သေတယ်တယ့်...၊ ငါ ရူးတော့မယ်ထင်တယ်ကွာ"
သူ့ကိုလာဖက်ရင်း တစ်အီးအီးအော်ငိုနေသော..Leo၊ ကျတော့် ရင်ထဲဆို့နင့်လာသော်လည်း..မျက်ရည်များက ထွက်မလာ၊
မဟုတ်ဘူး ၊ ဦးးက လောကကြီးကလွယ်လွယ်နဲ့ထွက်သွားမှာမဟုတ်ဘူး။"တကယ်ပဲလား၊
ငါ အိပ်မက်မက်နေတာမဟုတ်ဘူးလား Leo ရာ၊ ဦးးက ဘာလို့သေမှာလဲ ၊ အခြေအမြစ်မရှိတယ့် သတင်းတွေမယုံစမ်းပါနဲ့..ဟားးဟားး.."တစ်ဟားဟားးအော်ရယ်လိုက်ပေမယ့်..ရယ်သံတွေက ငိုသံစွက်ကာ၊ မျက်လုံးအစုံက ကျီးအာသီးလိုရဲရဲနီနေသည်။ လက်သီးကို တင်းတင်းဆုပ်ထားပြီးး..အသက်ကိုမနည်းရှူနေရသည်။
ကျတော့် ရင်တွေနာလိုက်တာဆိုတာ..၊
"**Sob..သတင်းအမှားမဟုတ်ဘူး..၊
မနက်ခင်းသတင်းမှာတောင် ကိုကို့ အကြောင်းပါလာတယ်၊ Sunshine Group က မင်းထင်သလိုသေးသေးလေးမှမဟုတ်တာ ရီပေါ်ရာ..***Sob...အင့်..
ဘာလို့လဲ..ကိုကြီးသေတာ တပတ်မပြည့်သေးဘူး ၊ ကိုကို က ဘာလို့လိုက်သေတာလဲ ၊ အဲ့လောက်တောင်ချစ်သတယ့်လား၊"ငိုရှိုက်ရင်းပြောနေတယ့် Leo စကားတွေက သူ့ရင်ဘတ်ထဲက ဒဏ်ရာကိုလာဆွနေသလို၊
မေးလဲမေးချင်စရာပါပဲ...ဦးလေးယွမ်ရှုကိုအသက်ပေးရလောက်တယ့်အထိ ချစ်တယ်ပေါ့နော်။
YOU ARE READING
....."Xiao Oo Oo".....{{ COMPLETED }}