အချစ်ဆိုတာ ဘာလဲ...??
လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တာလား...??ဟင့်အင်း...မှားပါတယ်...။
အချစ်မရှိရင် ဘဝအဓိပ္ပာယ်လည်း မရှိတော့ဘူးဆိုတဲ့စကားကို ဂျောင်ဟိုဆော့ကတော့ လှောင်ရယ်လိုက်ချင်တယ်...။ဘာအချစ်လဲ...။
လောကမှာ အရေးအကြီးဆုံးက ပိုက်ဆံပဲ...။
ငွေရှိရင်ဘာမဆိုဖြစ်တယ်...။ လက်တွဲဖော်...??
မလိုပါဘူး....။ ငွေပေးလိုက်ရင် ခန္ဓာကိုယ်တစ်ခုလုံး ပုံအပ်မယ့်သူတွေဒုနဲ့ဒေးပဲ...။ ဒါကြောင့်မို့လို့ ဂျောင်ဟိုဆော့အတွက်တော့ ပိုက်ဆံသာလျှင်အဓိကအရေးအကြီးဆုံး...။Jung Hoseok
CEO of "The Sun" Trading Co.Ltd
32years old
Cold-hearted man
"နောက်လထဲ ဂန်းနမ်ဘက်မှာ
Mall အသစ်ဖွင့်မယ်ဆိုတာ ဟုတ်ပါသလား...??""D&G နဲ့ စာချုပ်ချုပ်ဆိုထားတယ်ဆိုတာ
တကယ်ပဲလား...??""လက်ထပ်ရမယ့်သူရှိနေတယ်ဆိုတာ အမှန်ပဲလား...??"
ကုမ္ပဏီထဲကနေထွက်လိုက်တာနဲ့ သတင်းထောက်တွေရဲ့ အလုအယက်ပြုံတိုးကာမေးမြန်းမှုတွေမှာ ဟိုဆော့ အသားကျနေခဲ့ပါပြီ...။ ထုံးစံအတိုင်း ပကတိတည်တင်းလွန်းသော မျက်နှာထားနဲ့ပဲ သူတို့အားလုံးကိုဖြတ်ကျော်ကာ လျှောက်လာခဲ့လိုက်တယ်...။ တစ်ယောက်ကိုအကျင့်လုပ်ကာဖြေရင် နောက်လူတွေကလည်း နောက်ထပ်မေးခွန်းတွေနဲ့ ထပ်လာလိမ့်ဦးမယ်...။
အနုပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် မီဒီယာတွေနဲ့ အဆင်ပြေစရာမလိုပါဘူး...။ ကိုယ့်စီးပွားရေးနဲ့ကိုယ် ဘယ်သူ့ကိုစောက်ဂရုစိုက်မှာလဲ...။
သူတို့အားလုံးကိုဖြတ်ကျော်ကာ ကုမ္ပဏီရှေ့မှာရပ်ထားတဲ့ ကားဆီလျှောက်လာတော့ ဒရိုင်ဘာက တံခါးအဆင်သင့် ဖွင့်ပေးထားလေတယ်...။ မှန်အနက်တွေအပြည့်ကပ်ထားတဲ့ ကားထဲသို့ဝင်ထိုင်လိုက်ပြီးမှ အတန်ငယ်ပြီးစီစီဖြစ်နေတဲ့စိတ်ကြောင့် နားထင်၂ဖက်ကိုလက်နဲ့ အသာဖိနှိပ်လိုက်တယ်...။
YOU ARE READING
Silent (Completed)
Fanfictionဦးကိုချစ်တဲ့အကြောင်း ကျွန်တော့်နှုတ်ကနေ ဖွင့်ပြောပြချင်လိုက်တာ...။ Jung Hoseok x Kim Taehyung ဦးကိုချစ်တဲ့အကြောင်း ကျွန်တော့်နှုတ်ကနေ ဖွင့်ပြောပြချင်လိုက်တာ...။ Jung Hoseok x Kim Taehyung