Author's Note

3.1K 152 1
                                    

(Zawgyi)

နောက်ဆုံးတော့လည်း အခက်အခဲတွေကြားကနေ ကြိုးစားပမ်းစားရေးခဲ့ရတဲ့ Silent နဲ့ Addicted ဆိုတဲ့ fic လေး၂ပုဒ် ပြီးဆုံးသွားခဲ့လေပြီ...။ ဒီအတောအတွင်းမှာ Acc hack ခံရလို့ စိတ်ဓာတ်ကျနေတဲ့ကိုယ့်ကို အားပေးကြတဲ့သူတွေရော အရင် acc မှာတင်ထားတဲ့အပိုင်းတွေကို screenshot ဝိုင်းရိုက်ပေးကြတဲ့ စာဖတ်သူတွေကိုရော ကျေးဇူးအများကြီးတင်ပါတယ်...။

ထိုကဲ့သို့သောအကြောင်းအမျိုးမျိုးကြောင့် စာအုပ်ထုတ်မယ့်အစီအစဉ်လေးဟာ ၂လလောက်နောက်ကို ရွှေ့ဆိုင်းသွားခဲ့ရပါတယ်...။ အဲဒီ့အတွက်လည်း ကျွန်တော့်ဘက်ကနေ အနူးအညွတ်တောင်းပန်ချင်ပါတယ်...။ တချို့တွေဆို စာအုပ်ဖိုးတွေကြိုလွှဲပေးထားကြတာလေ...။ ဒါပေမဲ့ ဘယ်သူကမှရန်လာမတွေ့ကြ မယုံသင်္ကာလာမမေးကြတဲ့အတွက် အံ့ဩဝမ်းသာမိပါတယ်...။ အော်... သူတို့ငါ့ကိုယုံကြတာပါလားလို့ပေါ့...။

ပြောရရင်ဒီ fiction လေးနှစ်ခုက ကိုယ့်ရဲ့ပထမဆုံးသော Book 1 နဲ့ Book 2 ဆိုပြီးရေးဖြစ်တဲ့ fiction လေးတွေပေါ့...။ အများကြီးလည်း အားခဲထားသလို ဇာတ်မသိမ်းရသေးခင်ကတည်းက စာအုပ်ထုတ်ဖို့ဆိုပြီး ရည်ရွယ်ထားခဲ့တာပါ...။ စာအုပ်ထုတ်တဲ့အခါမှာလည်း တခြား fiction တွေလို ကော်ပီကူးပြီးဒီတိုင်းပို့လို့မရပါဘူး...။ Book နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းလိုက်တာမို့လို့ Silent တစ်ပိုင်း Addicted တစ်ပိုင်း တစ်လှည့်စီဖြတ်ညှပ်ထည့်ပြီး ပြန်စီထားရတာပါ...။ အဲဒါကြောင့် အရင်စာအုပ်တွေထက် ပိုပင်ပန်းတာအမှန်ပါပဲ...။

ခုတော့ ကျွန်တော့်ရဲ့ရည်မှန်းချက်က အောင်မြင်ဖို့သိပ်မလိုတော့ပါဘူး...။ "Silently Addicted" လို့နာမည်ပေးထားတဲ့ ဒီစာအုပ်လေးဟာ ပုံနှိပ်တဲ့အဆင့်ကိုရောက်လို့သွားခဲ့ပါပြီ...။ သိပ်မကြာတော့တဲ့အတောအတွင်းမှာ စာဖတ်သူတွေရဲ့လက်ထဲကို သိပ်လှတဲ့စာအုပ်လေးအဖြစ် ရောက်ရှိလာတော့မှာပါ...။ ဒီနေရာမှာ ကိုယ့်စိတ်ကြိုက်အဖုံးဒီဇိုင်းကို သေချာလုပ်ပေးခဲ့တဲ့ Kliz93ကို ကျေးဇူးတင်စကားပြောချင်ပါတယ်...။ ဒီစာအုပ်လေးအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတာက သူ့ဆီကနေရတဲ့ ခွန်အားတွေကြောင့်လည်းပါတာပေါ့...။ ကျေးဇူးတင်ပါတယ် Kliz လေးရေ ❤

Silent (Completed) Where stories live. Discover now