Part 17

3.2K 306 5
                                    

(Zawgyi)

အိမ်ငယ်လေးရဲ့ ခပ်ကျဉ်းကျဉ်းဧည့်ခန်းမှာ ဟိုဆော့ထိုင်နေတယ်...။ သူ့ရှေ့မှာတော့ ထယ်ယောင်းနဲ့  သူ့ရဲ့ဦးလေး...။ ဘာလို့မှန်းမသိ ဟိုဆော့စိတ်ထဲမှာ မကောင်းတာတစ်ခုခု ဖြစ်လာတော့မှာလိုမျိုး ခံစားနေရတယ်...။

"မောင်ရင်ရဲ့ အလုပ်အကိုင်ကို ကုမ္ပဏီပိုင်ရှင်တစ်ယောက်အနေနဲ့ပဲ ဦးလေးသိထားခဲ့တာ... အဲဒီကုမ္ပဏီဟာ The Sun ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ဟိုဆော့ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်...။ ဟုတ်သားပဲ.. အဲဒီတုန်းက ထယ်ယောင်းက အရမ်းငယ်သေးတာကြောင့် မသိနိုင်သော်လည်း သူ့ဦးလေးကတော့ အစ်ကိုတစ်ယောက်လုံး သေဆုံးတဲ့ကိစ္စကို အစအဆုံးသေချာသိပေလိမ့်မယ်...။

"မောင်ရင်မှတ်မိမလားမသိပေမယ့် လွန်ခဲ့တဲ့၁၂နှစ်လောက်တုန်းက မောင်ရင်စီးလာတဲ့ကားနဲ့ လူတစ်ယောက်ကို ဝင်တိုက်ခဲ့ဖူးတယ်မလား..??"

ဦးလေးရဲ့အမေးစကားကြောင့် ထယ်ယောင်းရဲ့မျက်နှာလေးကလည်း စိတ်လှုပ်ရှားနေသလိုပင်...။ ခုချိန်မှာတော့ ဟိုဆော့မလိမ်ချင်တော့ပါ...။ အဲဒီတုန်းကတော့ သူကလည်းကလေးသာသာမို့ ပြဿနာကိုရှောင်လွှဲခဲ့သည်လေ....။

"မှန်ပါတယ်ဦးလေး... တိုက်မိတဲ့သူက ထယ်လေးရဲ့ အဖေဆိုတာ ကျွန်တော်သိခဲ့တာလည်း မကြာသေးပါဘူး"

ထယ်ယောင်းအရမ်းအံ့ဩသွားခဲ့တယ်...။ မယုံနိုင်သလိုပုံစံမျိုးနဲ့ ဟိုဆော့ကိုငေးစိုက်ကြည့်မိတယ်....။ ဦးလေးကလည်း အတတ်နိုင်ဆုံးစိတ်ကို ငြိမ်အောင်ထိန်းရင်း အဖြစ်မှန်ကိုသိရဖို့အတွက် ကြိုးစားနေတယ်...။

"တိုက်တဲ့သူက မင်းရဲ့ ဒရိုင်ဘာဆို.. သူလည်း ထောင်ကျသွားခဲ့သေးတယ်မလား"

ဟိုဆော့ နှုတ်ခမ်းကိုဖိကိုက်လိုက်တယ်...။ သူ့အနေနဲ့ ချော်လဲရောထိုင်လုပ်လိုက်ရင် ရပေမယ့်လည်း တသက်လုံးအရိပ်မည်းကြီးနဲ့ လိပ်ပြာမလုံမခံစားချင်တော့ပါ....။ ယောက်ျားပဲ လုပ်ရဲရင်ခံရဲရမယ်လေ...။

"ဒရိုင်ဘာက ကျွန်တော့်အစားအပြစ်ဝန်ခံပေးတာပါ.. တကယ်... တကယ်တော့ ထယ်လေးအဖေကို ကားနဲ့တိုက်ခဲ့မိတာ ကျွန်တော်ကိုယ်တိုင်ပါပဲ"

Silent (Completed) Where stories live. Discover now