Part 11

3.3K 328 3
                                    

(Zawgyi)

Agust-D ထဲကိုဝင်လိုက်တာနဲ့ ထယ်ယောင်းကို ဝန်ထမ်းတွေက ပြုံးပြနှုတ်ဆက်လာကြတယ်...။ CEO ရဲ့ညီလို့ သိထားကြတာကြောင့် တလေးတစားဆက်ဆံကြတာမို့ ထယ်ယောင်းကိုယ်တိုင်ပင် မနေတတ်ဖြစ်ရတယ်...။ သူ့ဘဝမှာဘယ်တုန်းကမှ ခုလိုလူအများရဲ့ အရေးတယူဆက်ဆံတာကို မခံခဲ့ရဘူးကိုး...။

ဒါကြောင့်မို့လှပတဲ့အပြုံးလေးများနဲ့ ပြန်ပြုံးပြရင်း အားလုံးကိုပြန်နှုတ်ဆက်လိုက်တယ်...။ မနက်ကလည်း ကုမ္ပဏီကို ဦးကိုယ်တိုင်လိုက်ပို့ပေးတာကြောင့် ထယ်ယောင်းပျော်ရွှင်နေတယ်...။ ဦးက Hyung နဲ့ပြတ်ဆဲမယ်လို့ ပြောပေမယ့်လည်း ထယ်ယောင်းကတော့ အဲလိုမဖြစ်စေချင်တာကြောင့် တားထားရတယ်...။

ဟိုတွေးဒီတွေးနဲ့ပင် Hyung ရဲ့ရုံးခန်းရှေ့သို့ ထယ်ယောင်းရောက်လာခဲ့လေပြီ...။ တခြားသူတွေဆို ကြိုချိန်းရသော အခွင့်မရှိပဲဝင်ထွက်ခွင့်မရသော CEO ရဲ့ရုံးခန်းကို ထယ်ယောင်းကတော့ တံခါးမရှိဓားမရှိ ဝင်ထွက်ခွင့်ရလေရဲ့...။ အတွင်းရေးမှူးကို ပြုံးပြနှုတ်ဆက်လိုက်ပြီး ထယ်ယောင်းလည်း ရုံးခန်းတံခါးကို၃ချက်ခေါက်ကာ အထဲသို့ဝင်သွားလိုက်တယ်...။

ဒီနေ့တော့ အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်ထားတာကြောင့် Hyung က တည်တည်ငြိမ်ငြိမ်လေးနဲ့ ကြည့်ကောင်းနေတယ်...။ အလုပ်ကိုစိတ်ဝင်တစား လုပ်နေတာကိုက ငေးကြည့်ချင်စရာကောင်းလွန်းလှတယ်...။

"ရောက်လာပြီလား...?? ထိုင်ဦးနော် ယောင်းငယ်လေး"

ထယ်ယောင်း ခေါင်းသာညိတ်ပြလိုက်ပြီး ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်...။ ဒီနေ့ဘာလုပ်ရမလဲဆိုတာကို Hyung ပဲ စီမံခန့်ခွဲပေးမှာလေ...။ ရိုက်ကွင်းတွေတော့ရှိနေပေမယ့် ကိုယ့်ကိုပါ ဝင်ရိုက်ခိုင်းမလားဆိုတာ မသေချာပြန်...။ ဒါကြောင့် Hyung ကိုသာ ထိုင်စောင့်နေလိုက်တာ အကောင်းဆုံးပါပဲ...။

အချိန်ဖြုန်းတဲ့အနေနဲ့ စားပွဲပေါ်မှာစီထပ်ထားတဲ့ မဂ္ဂဇင်းစာအုပ်တွေကို ယူဖတ်နေလိုက်တယ်...။ Agust-D ကနေ မွေးထုတ်ပေးလိုက်တဲ့ အနုပညာရှင်တွေအကြောင်း ရေးထားတဲ့စာအုပ်ဖြစ်တာကြောင့် ထယ်ယောင်းဖတ်နေရင်း အားကျရပြန်တယ်...။ ကိုယ့်လိုအားနည်းချက်ရှိတဲ့သူကတော့ သူတို့လိုအောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အတွေးကြောင့် စိတ်တော့မကောင်းမိပါ...။

Silent (Completed) Where stories live. Discover now