Part 4

4.3K 405 14
                                    

(Zawgyi)

မပြီးပြတ်သေးတဲ့အလုပ်တွေကို အိမ်ရောက်တော့မှ အပြီးသတ်နေရတာကြောင့် ဟိုဆော့ ပတ်ဝန်းကျင်နဲ့ အချိန်နာရီတွေကို မေ့လျော့လို့နေခဲ့တာ သူ့ဘေးနားကို အရိပ်လေးတစ်ခု လာမရပ်ခင်အထိပေါ့...။

"ဘာကိစ္စလဲ...??"

မျက်မှောင်တွေကိုတွန့်ကွေးထားရင်း မေးဆတ်ပြကာမေးလိုက်တော့ ကိုယ်ငယ်လေးက တုန်ခနဲပင်...။ ပြီးတော့မှ မဝံ့မရဲနဲ့ သူ့လက်ထဲက မှတ်စုစာအုပ်လေးကိုလာပြတယ်။

((ဦးထမင်းစားတော့မလား))

"ငါစားခဲ့ပြီးပြီ"

ဟိုဆော့ခပ်ပြတ်ပြတ်ပြောလိုက်ပြီး လုပ်လက်စအလုပ်ကို ဆက်လုပ်နေလိုက်တယ်...။ ဘေးမှာရပ်နေတဲ့ အကောင်ငယ်လေးကတော့ ထပ်မသွားသေးပဲ တစ်ခုခုကိုရေးနေပြန်တယ်...။ စကားမပြောတတ်သူနဲ့ အတူတူနေရတာ နားညည်းသက်သာပေမယ့်လည်း စိတ်မရှည်ချင်စရာတော့ တော်တော်ကောင်းသားပဲ...။ ဟော.. အခုလည်း စာအုပ်လေးကို ထပ်ပြပြန်တယ်...။

((လိုအပ်တာတစ်ခုခုရှိလားဟင်.. ဘာလုပ်ပေးရမလဲ))

"ဘာလုပ်ပေးရမလဲ ဟုတ်လား...?? ထွက်သွားပေး.. ငါအလုပ်များနေတယ်.. မင်းစာကိုလိုက်ဖတ်ဖို့ ငါ့မှာအချိန်မအားဘူး"

ထိုစကားအဆုံးမှာ အကောင်ငယ်လေးက ပျာပျာသလဲခေါင်းညိတ်ပြပြီး အခန်းထဲကနေ ပြန်ထွက်သွားလေရဲ့...။ ဟိုဆော့စိတ်ရှုပ်စွာနဲ့ပဲ ဆံပင်တွေကိုဆွဲဖွပစ်မိတယ်...။ တစ်ယောက်တည်းနေလာသူမို့ အိမ်မှာလူတစ်ယောက်ပိုလာတာက စိတ်ကျဉ်းကြပ်စေသလိုပင်....။ ဒါပေမယ့်လည်း သူ့ကိုခေါ်လာတဲ့သူက ကိုယ်ကိုယ်တိုင်ဖြစ်နေတာမို့ စိတ်လျှော့ထားလိုက်တယ်...။

အလုပ်ထဲစိတ်နှစ်ထားတာ ဘယ်လောက်တောင်ကြာသွားလဲမသိ အားလုံးပြီးစီးသွားတော့မှ ညောင်းကိုက်နေတာကို သတိထားမိတော့တယ်...။ ကိုယ့်ဘာသာကိုယ်ပဲ ပခုံးတွေကိုနှိပ်ရင်း တစ်ခုခုသောက်ဖို့အတွက် အိမ်အောက်ထပ်သို့ဆင်းလာလိုက်တယ်...။ သူ့ခြေသံကြောင့် အိမ်ရှေ့ခန်းမှာ TV ထိုင်ကြည့်နေတဲ့ထယ်ယောင်း ဆတ်ခနဲလှည့်ကြည့်လာတယ်...။ ဟိုဆော့ကတော့ ပခုံးတွေကိုနှိပ်နေရင်းနဲ့ပဲ ထမင်းစားခန်းထဲဝင်သွားလိုက်တယ်...။

Silent (Completed) Where stories live. Discover now