Part 8

3.6K 346 15
                                    

(Zawgyi)

ကွန်ပျူတာနဲ့ရော Laptop နဲ့ရော တစ်လှည့်စီအလုပ်လုပ်နေရတဲ့ "The Sun"ရဲ့ CEO ဂျောင်ဟိုဆော့တစ်ယောက် ဒီနေ့ကျမှမျက်နှာက ခါတိုင်းရက်တွေထက် ပိုခက်ထန်နေသလိုပင်...။

အလုပ်ကိုရောက်လာကတည်းက တည်တင်းနေတဲ့သူ့မျက်နှာထားကြောင့် အတွင်းရေးမှူးကောင်မလေးကတောင် ကော်ဖီကိုကပျာကယာချထားပြီး ထွက်သွားရတယ်...။ တော်ကြာသူမ,ပါ ဒေါသစက်ကွင်းနဲ့မလွတ်မကင်း ဖြစ်မှာစိုးလို့ပင်...။ ဂျောင်ဟိုဆော့သည် အလုပ်နဲ့ပတ်သတ်လာရင် နည်းနည်းလေးမှအမှားမခံပဲ တိကျပြတ်သားလွန်းသူမဟုတ်လား...။

"တောက်...!!!"

သူ့ရဲ့ ကျယ်လောင်သော တောက်ခေါက်သံက အခန်းထဲမှာသာတခြားတစ်ယောက်ယောက် ရှိနေမယ်ဆိုရင် သေချာပေါက်လိပ်ပြာလွင့်လောက်တယ်...။ ဒီနေ့မှ သူဘာတွေများ အလိုမကျဖြစ်နေရတာပါလဲ...??

အလုပ်များနေလို့လား...??
ဟင့်အင်း... မဖြစ်နိုင်ပါ...။ ဂျောင်ဟိုဆော့လို workaholic တစ်ယောက်က အလုပ်ဘယ်လောက်များများ ခပ်အေးအေးပဲ ဖြေရှင်းနိုင်တယ်လေ...။

ဒါဆို ကုမ္ပဏီမှာအရှုံးတစ်ခုခုဖြစ်နေလို့လား...??
ပိုတောင်မဖြစ်နိုင်ပါသေးတယ်...။ သူလိုအကွက်စေ့တဲ့သူက လုပ်ငန်းအသစ်တစ်ခုကို အောင်မြင်ဖို့သေချာမှ စလုပ်တတ်တဲ့သူလေ...။ သူ့တသက်နဲ့တကိုယ်မှာ ရှုံးနိမ့်ခြင်းဆိုတာ ဘာလဲလို့တောင် ပြန်မေးယူရမယ့်အဖြစ်...။

အဲဒါဆို သူဘာလို့စိတ်တိုနေတာပါလဲ...??
ခုလည်းအလုပ်ကို ကောင်းကောင်းဆက်မလုပ်နိုင်တော့ပဲ ခုံမှာခပ်လျောလျောမှီထိုင်ရင်း တစ်ခုခုကိုအလေးအနက်ထားကာ စဉ်းစားနေပြန်တယ်...။ မျက်နှာချောချောကလည်း ခါတိုင်းထက်မှုန်ကုတ်လို့ပေါ့...။

"ငါကုမ္ပဏီရဲ့ brand အသစ်ကိုကြေငြာတာ
ငါလိုက်သွားကြည့်လို့ ဖြစ်တာပဲမဟုတ်လား...??"

တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်တဲ့ဟိုဆော့...။ လက်စသတ်တော့ သူ့မျက်နှာမသာမယာဖြစ်ရခြင်းမှာ ထယ်ယောင်းရဲ့ ပထမဆုံးသော ရိုက်ကူးရေးကို လိုက်မကြည့်ရသောကြောင့်ပင်...။

သိပ်များရယ်စရာကောင်းသွားလေသလား...??
အရင်တုန်းကတော့ ကြော်ငြာကိစ္စတွေကို ဂရုသိပ်မထားဘဲ marketing အဖွဲ့ နဲ့သာ လွှတ်ထားတတ်တဲ့ ဟိုဆော့ဟာ ခုတခါကြော်ငြာကိုတော့ စိတ်ဝင်တစားနဲ့ ရိုက်ကွင်းထိလိုက်သွားကာ ကြည့်ချင်နေမိတယ်...။ သို့သော်လည်း သူ့ရဲ့ မာနက အဲလိုလုပ်ဖို့ခွင့်မပြုတာကြောင့် စိတ်မသက်မသာဖြစ်နေရခြင်းပင်...။

Silent (Completed) Where stories live. Discover now